"မင်းကလည်း စက်ဘီးနင်းတာကောင်းကောင်းမနင်းဘူး
ဘာတွေပြောနေတာလဲ"စစ်သွေးအပြောကြောင့်ရင်ခုန်သွားသူလေးပါ။
ဒါမယ့်သူစစ်သွေးရဲ့ပြောင်းလဲမှုကိုမယုံနိုင်သေးတာတော့အမှန်ပဲ။"ကိုစစ်သွေး စက်ဘီးနင်းနေတာလား
နွားနဲ့လယ်ထွန်နေတာလား
အရှေ့ရောက်ဖို့တော်တော်ကြာတယ်နော်""ငါမင်းကိုပြောပြီးသားလေ ကျောင်းမရောက်ချင်ဘူးလို့
အဲ့တာကြောင့်ဒီလိုလေး ဟော့ဒီလို ဟော့ဒီလို
နင်းနေတာ""မင်းနော် စောက်ခွက်မပြောင်နဲ့
ကျောင်းနောက်ကျမယ် မြန်မြန်နင်း""အဲ့တာဆို အမြန်နှုန်းနဲ့ပုဂံလုံးစီးပြီးနင်းမယ်ဟေ့"
"ဟာဘာတွေပြောနေ...
အားးးးး ဖြည်းဖြည်းနင်းပါစစ်သွေးရေးးးး""မင်းပဲမြန်မြန်နင်းဆို မရဘူး"
ရှိုင်းကိုတစ်ယောက်ကြောက်ကြောက်နဲ့
စစ်သွေးခါးကိုအတင်းအကြပ်ဖက်ထားနေလိုက်တော့သည်။စစ်သွေးကလည်းဒီလိုဖက်ထားတာလေးကိုသဘောကျနေရှာတာပေါ့။*****************************
"ကဲ ကျောင်းရောက်ပြီ"
"ဟူး တော်ပါသေးရဲ့ ငါနဲ့နတ်ပြည်ရောက်ပြီထင်နေတာ"
"လာစမ်းပါ အပိုတွေမပြောနဲ့"
စစ်သွေးကရှိုင်းကိုလက်ကိုရုတ်တရက်လှမ်းဆွဲလိုက်ချိန်....
"စစ် စစ်သွေး မင်းဘာလုပ်တာလဲ"
"မမြင်ဘူးလား လက်ကိုင်တာလေ "
"မကိုင်နဲ့"
ရှိုင်းကိုစကားကြောင့်စစ်သွေးတစ်ယောက်
လက်ကလေးပြန်လွှတ်ပေးလိုက်ပြီး အရှေ့ကအရင်လမ်းလျှောက်သွားနေလေသည်။"ဟေ့ကောင် စစ်သွေး"
"ဘာလဲ"
စစ်သွေးရဲ့ပုခုံးကိုသူရဲ့ညာဘက်နဲ့လှမ်းဖက်ကာ....
"လက်မကိုင်နဲ့ ငါပဲမင်းရဲ့ပုခုံးကိုဖက်မယ်
ဟုတ်ပြီလား""အစတည်းကပြောရောပေါ့"
ဒီလိုနဲ့သူတို့နှစ်ယောက်ဆယ်တန်းAခန်းသို့လျှောက်လာပြီး အခန်းရှေ့မှာ ဇာနည်နဲ့ စိုင်းခန့်ကိုတွေ့လိုက်လေသည်။
YOU ARE READING
ဒိုင်ယာရီစာအုပ်လေးနှစ်အုပ်
Romanceစစ်သွေးဆိုတာကျွန်တော့်သူငယ်ချင်းပေါ့.... သူငယ်ချင်းဆိုတာထက် ကျွန်တော့်ရဲ့တိတ်တခိုးချစ်ရတဲ့တစ်ဦးတည်းသောရင်ခုန်ခြင်းဆိုရင်ပိုမှန်တယ်ဗျ။