စက်ဘီးလေးနင်းရင်းနင်းရင်း ရှိုင်းအိမ်ကိုရောက်လာတော့တာပေါ့။
"သား ပြန်လာပြီလား"
"ဟူတ်ကဲ့ အမေ "
"အော်စစ်သွေးပါပါလာတာလား"
"အရင်လိုပန်းသီးဖျော်ရည်ပဲဖျော်ပေးရမလားသား
အန်တီမနက်ကဈေးသွားတော့ ၀ယ်လာပေးတယ်
သားလာရင်သောက်တတ်လို့လေ""ဟာ တို့အန်တီကချစ်ဖို့ကောင်းလိုက်တာ
သားမေမေကျနေတာပဲ
အမေလို့ပဲခေါ်တော့မယ်""ဟာ ဟာဟေ့ကောင် ဒါငါ့မေမေ"
"မဟုတ်ဘူး ဒါငါ့မေမေ"
"ဟ စစ်သွေး"
"ကဲကဲကဲ တော်ကြပါတော့ကွယ်
နှစ်ယောက်လုံးအတွက်ဖျော်ခဲ့မယ်
သွား အ၀တ်သွားလဲပြီးခဏနားကြ""ဟုတ်မေမေ"
"ဟေ့ကောင်မခေါ်နဲ့လို့မေမေလို့"
"ကဲပါရှိုင်းကိုရယ် နင်ကလည်း
စစ်သွေးကစတာကို"နှစ်ယောက်သားအခန်းထဲ၀င်သွားတော့သည်။
ရှိုင်းအခန်းကအရမ်းသပ်ရပ်တယ်။
ပစ္စည်းလေးတွေကိုကြီးစဉ်ငယ်လိုက်စီထားရတာ
သူ့သဘောကျတဲ့အရာလေးပါ။
နောက်ပြီး ပန်းချီဆွဲရတာကြိုက်တော့ သူ့အခန်းထဲမှာ
ပန်းချီကားချပ်လေးတွေနဲ့ စုတ်တံလေးတွေ ပန်းချီဆေးဘူးလေးတွေရှိတယ်။"မင်းအခန်းကလည်းအရင်တိုင်းပဲ ပြောင်းလဲသွားတယ်ကိုမရှိဘူး"
"ငါကဒီပုံစံလေးကိုပဲကြိုက်တယ်
ငါ့အခန်းထဲ၀င်လိုက်ရင်
ငါအေးချမ်းသလိုခံစားရလို့လေ""ငါကတော့မင်းမျက်နှာမြင်ရရင်အေးချမ်းပြီးသား"
"ဟမ် မင်းကလည်း"
"တကယ်ပြောတာ မယုံဘူးလား"
"မယုံဘူးဆိုရင်ရော"
"မယုံဘူးဆိုရင်......."
စစ်သွေးကရှိုင်းအနားကိုတဖြည်းဖြည်းကပ်လာလေသည်။
ရှိုင်းမျက်နှာလေးနီရဲနေတာပေါ့။
နီရဲနေတဲ့ပါးလေးနားကပ်လာပြီး......"အာဘွား မွမွမွ"
"ဟာ ဟေ့..ဟေ့ကောင်"
"ဘာလဲ ချစ်လို့နမ်းတာကို"
"တော်ပြီကွာ မင်းကလည်း ငါမေမေ့ဆီကဖျော်ရည်သွားယူတော့မယ်
အကျီလဲနှင့်နေတော့""အေးပါ"
သူကအသားယူလိုက်ရေတာ့မျက်နှာကြီးကဖြီးလို့။
ဟိုတစ်ယောက်ကတော့ရင်ဘတ်ထဲမှာဆိုင်းတွေဗုံတွေတီးနေမှာပေါ့။********************************
"စစ်သွေးငါ၀င်လာပြီ"
"မင်းအခန်းပဲခွင့်တောင်းနေသေးတယ်
၀င်ခဲ့ပါလား""မင်းအကျီလဲတာမပြီးသေးမှာစိုးလို့ပါ"
အခန်းထဲသို့ဖြည်းဖြည်းချင်း၀င်လာနေတဲ့ ရှိုင်း ကို စစ်သွေး
သေချာစိုက်ကြည့်နေမိသည်။"ဘာကြည့်တာ"
"ချောလို့"
"စောက်ပို"
"တကယ်"
"ရော့ အအေးသောက်ပြီးရင်စာလုပ်မယ်"
"အေးပါ ပေးပေး"
"စစ်သွေး မင်းငါ့အပေါ်ကိုဘာလို့ရုတ်တရက်ကောင်းသွားတာလဲ"
ရှိုင်းရဲ့အပြောကြောင့် စစ်သွေးတိတ်ဆိတ်သွား......
မျက်နှာချက်ချင်းပျက်သွားတော့တယ်။"ဟေ့ကောင် ငါမေးနေတယ်လေ"
"မသိဘူးကွာ လာမမေးနဲ့"
"ဒါနဲ့ငါပြောမယ် မေမေကမင်းအကြိုက်ဆုံးပန်းသီးဖျော်ရည်ထင်နေတာ
မင်းအကြိုက်ဆုံးကိုမေမေမသိဘူးနော် ဟီးဟီး""ငါအကြိုက်ဆုံးကဘာလဲ"
"ဟင် မင်းကလည်း မမှတ်မိတော့ဘူးလား"
"အမှန်တိုင်းပြောရရင်မသိဘူး"
"ငါတို့အိမ်လာရင် မင်းအကြိုက်ဆုံးက ရှမ်းခေါက်ဆွဲမှာစားပြီး
ပန်းသီးဖျော်ရည်သောက်တာလေ ငါပဲပြေးပြီးသွား၀ယ်ပေးရတာ""အော်အေးဟုတ်တယ်နော် အေးအေး"
စစ်သွေးမျက်နှာကမှတ်မိပုံမပေါ်....
စကားလည်းအများကြီးမပြောတော့ပဲပန်းသီးဖျော်ရည်သောက်ပြီးငြိမ်နေတဲ့စစ်သွေးကို ရှိုင်းကစိုက်ကြည့်နေတော့သည်.....
YOU ARE READING
ဒိုင်ယာရီစာအုပ်လေးနှစ်အုပ်
Romanceစစ်သွေးဆိုတာကျွန်တော့်သူငယ်ချင်းပေါ့.... သူငယ်ချင်းဆိုတာထက် ကျွန်တော့်ရဲ့တိတ်တခိုးချစ်ရတဲ့တစ်ဦးတည်းသောရင်ခုန်ခြင်းဆိုရင်ပိုမှန်တယ်ဗျ။