အပိုင်း၅

14 2 2
                                    

"ရှိုင်း ငါအိမ်ပြန်တော့မယ်နော်"

"အေးအေး"

*******************************
"အဘွား သားအိပ်တော့မယ်နော်
အဘွားသောက်ဖို့ ဆေးထည့်ပေးထားတယ်"

"အေးအေး ကောင်လေး"

အဘွားကိုမှာစရာရှိတာမှာပြီး အိပ်ယာထဲ၀င်သွားသည်။

နံရံပေါ်ကနာရီက ည1နာရီအတိ......
စစ်သွေးရုတ်တရက်လန့်နိုးသွားသည်။
နဖူးစက်မှာ ချွေးသီးတွေထွက်ပြီး တစ်ကိုယ်လုံးလန့်ဖြန့်ကာ
တုန်ရီနေလေသည်။

"ငါဒီကိုလာတာမှားသွားပြီလား
ငါဒီမှာမနေသင့်ဘူးလား"

စစ်သွေး အိပ်ယာထဲမှာထကာ
အိပ်ယာဘေးကထိုင်ခုံပေါ်ထိုင်နေလိုက်သည်။
ခဏလောက်အကြာ စိတ်တည်ငြိမ်သွားမှ စားပွဲခုံအံဆွဲထဲက
စာအုပ်လေးတစ်အုပ်ကို ထုတ်လိုက်သည်။

Dairy စာအုပ်လေးတစ်အုပ် နာမည်ကစစ်သွေးလို့ တပ်ထားတယ်။
စစ်သွေးငိုသံလေးနဲ့ Dairy စာအုပ်ကိုကြည့်ပြီး ရင်ထဲကစကားတွေထုတ်ပြောလာသည်။

"ငါမင်းခန္ဓာကိုယ်ကိုပြန်ပေးမှာပါကွာ
ငါလည်းနည်းလမ်းမျိုးစုံကြိုးစားပါ့မယ်
အချိန်တစ်ခုတော့စောင့်ပေးပါစစ်သွေးရာ"

***********************************
လွန်ခဲ့သောသုံးလက.........

"အမေသားဒီမနက်ဘာစားရမှာလဲ"

"ကောက်ညှင်းပေါင်းနဲ့ကော်ဖီနဲ့စားလေ"

"အမေကလည်းရှမ်းခေါက်ဆွဲနဲ့ပန်းသီးဖျော်ရည်လုပ်ထားပါဆို"

"လျှာမရှည်နဲ့ ငါကျွေးတာစား"

ကောက်ညှင်းပေါင်းပန်းကန်ကိုဆောင့်ခနဲချကာ မျက်နှာဆူဆူပုတ်ပုတ်နဲ့ထိုင်စားနေလေတော့သည်။

"စစ်သွေး မင်းသူငယ်ချင်းလေးဆီဖုန်းမဆက်ဘူးလား
ဖုန်းလေးဘာလေးဆက်လိုက်ပါအုန်း"

"ဘယ်သူ့ဆီ"

"ရှိုင်းကိုလေးဆီကိုပြောတာ"

"ဪ အမေရယ် ဆက်စရာလား
သားကသူ့ကိုဆက်ရအောင် သူကသားသူငယ်ချင်းမှမဟုတ်တာ"

"ဟဲ့ သူငယ်ချင်းဖြစ်နေလို့ပဲ အတူတူစား အတူတူသွားနေတာမဟုတ်ဘူးလား"

ဒိုင်ယာရီစာအုပ်လေးနှစ်အုပ်Where stories live. Discover now