"အန်တီ အဲ့!ဟုတ်ပါဘူး အမေ အဲ့ကောင်လေး သေသွားပြီးပေါ့နော်"
"အလောင်းတောင်ရှာမတွေ့ပါဘူးဆိုမှသေပြီပေါ့သားရယ်"
"ကျွန်တော်ဘယ်တော့ဆေးရုံကဆင်းရမှာလဲ"
"အခုဆင်းရမှာလေသားရဲ့"
"ဟူတ်"
**************************
"သားလာလေ ကိုယ့်အိမ်ကိုမမှတ်မိတော့ဘူးလား
အထူးအဆန်းနဲ့ကြည့်နေလိုက်တာ"စစ်သွေးအိမ်ထဲစ၀င်လာတော့ နွေးထွေးမှုကိုခံစားရသည်။ သူ့ကိုလာလေ လာလေလို့
ခေါ်နေတဲ့အန်တီက သူ့အမေမဟုတ်ပေမယ့် သူ့စိတ်ထဲသူ့အမေဖြစ်ရင်ကောင်းမှာပဲလို့တွေးမိသည်။
ဒီခန္ဓာကိုယ်ပိုင်ရှင်ကလည်း အရမ်းကံကောင်းတဲ့သူပဲလို့သူတွေးနေမိသည်။
သူဒီလိုတွေတွေးနေတယ်ဆိုတာ သူ့မှာအကြောင်းရှိပါတယ်။ စစ်သွေးခန္ဓာကိုယ်ထဲက လင်းထက်ဆိုတဲ့ကောင်လေးက မိဘမဲ့ တစ်ကောင်ကြွက်လေး ငယ်ငယ်တည်းက အဖေအမေဘယ်သူမှန်းမသိဘဲ မိဘမဲ့ဂေဟာတစ်ခုကစောင့်ရှောက်ထားပြီး ကြီးပြင်းလာခဲ့ရတာ တစ်နှစ်တစ်တန်းအောင်အောင်လုပ်ပြီး အခုဆို တက္ကသိုလ် တတိယနှစ်တောင်ရောက်နေပြီ။
ကံတရားက စီမံပေးခဲ့လို့သာ ဒီလိုအခြေအနေတွေဖြစ်လာရတာပါ။"အမေ သား သွားနားတော့မယ်နော်"
"အေးအေး သားလေး အမေ ညနေစာစားလို့ရရင်သားကိုလာခေါ်မယ်နော်"
"ဟူတ် အမေ"
(ဟက်! ငါမေ့ပြီ စစ်သွေးအခန်းကဘယ်မှာတုန်း)
"ဟိုဟို ဟိုဟာလေအမေ"
"အေးပြောလေသားလေး"
"ဟိုဟာ ဟို အော် သားပြောဖို့မေ့နေတာ
သားအခန်းမှာ ဟိူတစ်နေ့ဖားတွေ့တယ်
အဲ့တာအခုရှိသေးတာမသိဘူး
အမေသွားကြည့်ပေးပါလား""ဟေ အေးအေး သားနောက်ကလိုက်ခဲ့"
"ဟုတ်ကဲ့"
(ဟဲဟဲ ဒါမျိုးတော့ဘယ်ရမလဲ)
တစ်ခန်းလုံးပတ်ရှာသော်လည်းဖားမပြောနဲ့ ပုရွတ်ဆိတ်တောင်မတွေ့ပါဘူး။
"သားအမေတော့ဘာမှမတွေ့ဘူး"
"ထွက်သွားပြီထင်တယ်အမေရဲ့
နောက်သားတွေ့ရင် အမေကိုအော်ခေါ်လိုက်မယ်"
YOU ARE READING
ဒိုင်ယာရီစာအုပ်လေးနှစ်အုပ်
Romanceစစ်သွေးဆိုတာကျွန်တော့်သူငယ်ချင်းပေါ့.... သူငယ်ချင်းဆိုတာထက် ကျွန်တော့်ရဲ့တိတ်တခိုးချစ်ရတဲ့တစ်ဦးတည်းသောရင်ခုန်ခြင်းဆိုရင်ပိုမှန်တယ်ဗျ။