Episode IV

592 103 52
                                    
Unicode

Sydney ၏အသက်သည် Opera House ပြီးလျှင် Sydney Harbour Bridge ဖြစ်သည် ။

ခုံးပုံစံတည်ဆောက်ထားသည့် တံတားရှည်ပေါ်တွင် မီတာတစ်ထောင်ကျော် ရှစ်လမ်းသွား ကတ္တရာများသည် ကော်ဇောနီများဖြန့်ခင်းထားသည့်အလား ညီညီညာညာပြန့်ပြန့်ပြူးပြူး ။

Parramatta မြစ်ကို ဖြတ်သန်းတည်ဆောက်ထားသည့် ထိုတံတားကြီး၏ တစ်ဖက်တွင် 20 ရာစု၏ ဗိသုကာအမွေအနှစ်များထဲမှ စံထားရလောက်သည့် Opera House သည်လည်း ခန့်ညားစွာတည်ရှိနေသေးသည် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" ဂျီမင် Opera House !! "

ထယ်ယောင်းမောင်းလာသည့် အမိုးဖွင့်ဂျစ်ကားလေးသည် Harbour Bridge ပေါ်မှ ဖြတ်သန်းမောင်းသွားစဉ် အဆောက်အဦးကြီးကို တွေ့သည့်အခါ ပျော်မြူးရိပ်များအပြည့်နှင့် အသံကြည်ကြည်ကလေးဟာ ပေါ်ထွက်လာခဲ့ရတော့၏ ။

ဂျစ်ကားလေး‌ရွေ့လျားသည်နှင့်အမျှ စိမ်းပြာရောင်သန်းနေသော Paramatta မြစ်ထံမှ ‌ဆားဓာတ်တစ်ဝက်ပါသည့် လေနုသွေးသည် စိမ်းရက်လေသူ၏ လည်စီးပုဝါအညိုလေးကို လှုပ်ရှားနေစေသည် ။

ရှူခင်းများနှင့် နွေ၏အငွေ့အသက်ကို သဘောတကျဖြစ်နေသည့် မျက်နှာလေးကြောင့် လေပြေသွေးသည့် Sydney ဧပြီတွင် သူ့နှလုံးသားဟာ တသိမ့်သိမ့်နွေးရသည် ။

SYDNEY SERENADE Where stories live. Discover now