Episode V

616 107 66
                                    

Unicode

Sydney သည် မိုးသားပြာပြာတို့ကို လွှမ်းခြုံလျက် နွေလယ်နေ့ခင်း၏ရောင်ဝါများသည် စိမ်းပြာရောင်ရေပြင်ပေါ် စိန်မှုန်များပက်ဖြန်းထားသကဲ့သို့ တလက်လက်တောက်ပနေစေသည် ။

သောင်ယံတစ်လျှောက်ရှိ သဲမှုန်ကလေးများသည် ဝါနုသွေးဖြင့် ပင်လယ်၏အလှကို ထပ်တိုးထောက်ပံ့ကာ Sydney ‌သည်မပြန်ချင်စဖွယ် အလှတရားကိုဖြစ်တည်စေလျက် ။

သဲပြင်ထက်‌ထိုးစိုက်ထားသော ရွက်ပြန့်ထီးကြီးသည် နေအပူတိုက်ရိုက်မကျရောက်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး အနီဖျော့ဖျော့ဖရဲသီးစိတ်များသည် ရင်အေးစေသည်ဟုပြောကာ ဂျီမင်က ‌ကြိမ်ခြင်း‌လေးထဲမှ ဇလုံလိုက်ထုတ်ကာ ကျွေးသည် ။

"ကမ်းမမြင်လမ်းမမြင် သာယာနေလိုက်တာ "

နေပူပူသောင်ပြင်ပေါ် လသာသကဲ့သို့ စကားပြောကာ လမ်းလျှောက်နေကြသောသူတချိူ့ကိုကြည့်ရင်း ဖရဲသီးစားရသည်တောင် အရသာပေါ့ပျက်ပျက်ဖြစ်စေသောကြောင့် နှာခေါင်းရှုံ့မိသည် ။

ဆားနံ့သင်းသော လေပြေများသည် ကမ်းရိုးတန်းတစ်လျှောက် တသမတ်တည်း ခပ်မှန်မှန်တိုက်ခတ်နေသည် ။

အမျိုးသမီးငယ်သည် ပုံပျက်ကာ လွင့်သွားတတ်သော ဆံစနီနီများကို နားနောက်သို့ ရှက်ဝဲဝဲကလေးနှင့် မကြာခဏဆိုသလို သပ်တင်သည်ကို မြင်နေရသည် ။

ပင်လယ်ဘက်မှတိုက်ခတ်လာသောလေကြောင့် ကြိုးတစ်လုံးဂါဝန်၏ အနားစတွန့်များသည် ဝဲဝဲလွင့်လွင့် ။

ပေါသီစွာ ပေးလှူနေပါသော ပါးလျပ်လျပ်နှုတ်ခမ်းတို့၏ ပြုံးရယ်ခြင်းမှအရင်းခံကာ မျက်မှောင်ကုတ်မိသည့်ကြားမှ ‌အပူဒဏ်ကြောင့်ဟု ခေါင်းစဉ်လှလှပေးထားသည် ။

ဒါနဲ့ဆို အဲ့လူကြီး ပြုံးနေတာ ခုနစ်ကြိမ်မြောက် !! ။

နေကာမျက်မှန်မဲမဲကို မြင်လွှာရှေ့ပိတ်ကွယ်လိုက်ကာ Pacific ၏ အလှဆက်ဖြစ်သော Coral ပင်လယ်ထံ သူ့အာရုံများကို ပုံကာပေးလိုက်သည် ။

" အစ်ကိုဂျောင်ဂုနဲ့ အဲ့ဒီအစ်မနဲ့က တော်တော်ရင်းနှီးပုံပဲနော် ယောင်း "

SYDNEY SERENADE Where stories live. Discover now