Unicode
" လွမ်းနေခဲ့တာမို့ တို့ဆီပြန်လာပေးပါ ~ "
ဆေးရောင်ရဲရဲဖြည့်တင်းထားသော နှုတ်ခမ်းများမှ လောဘနှင့်ထပ်တူပြုကာ ပွင့်အန်ထွက်လာသော စကားလုံးများ ။
" ဒီတစ်ပုဒ်ပြီးရင် ... တော်ကြမယ် ဟာရင်းမ် "
ထိုသူဟာ အမျိုးသမီးငယ်၏နှုတ်ထွက်စကားကို မသိကျိုးကျွန်ပြုလျက် ပွဲခင်းတစ်နေရာရှိ အဖြူအရိပ်ကလေးကိုသာ မကြာခဏဆိုသလို အာရုံရောက်နေတတ်သည်။
" တို့ကိုပဲ ကြည့် ! ပြန်တွဲချင်တယ် ဂျောင်ဂုနဲ့ "
မတတ်သာ၍သူမနှင့်ကျန်နေခဲ့ရပြီး ဝတ်ကျေတန်းကျေမျှသဘောထားနေသော အတွေးကို သိပါလျက် ... အမျိုးသမီးငယ်ဟာ အရှေ့ရှိသူ၏ လည်ကုပ်မှဆွဲချကာ အရောင်ခြယ်သောအနမ်းကို အလိုမတူစွာဖန်တီးသည် ။
" ကင်မ်ဟာရင်း ! "
ကင်မ်ဟာရင်း တွယ်ချိတ်ထားသည့် လက်တွေကို ဖြုတ်ချကာ စိုးရိမ်တကြီးဆုံမှတ်တစ်နေရာကို ကြည့်လိုက်သည် ။ ခန်းမတံခါးချပ်ကို အလျင်စလိုဖွင့်ကာ ထွက်သွားသည့် ကျောပြင်ကိုသာ တစ်စွန်းတစ်စမြင်တွေ့လိုက်ရပါသည် ။
" နှစ်ဦးသဘောတူ ပြတ်စဲထားပြီးသားကိစ္စ ဟာရင်းမ် ~ စိတ်မကောင်းပါဘူး မင်းအပေါ်ခံစားချက်မထားပေးနိုင်လို့ "
ဒေါသထွက်သွားသော်လည်း တစ်ပါးသူများမင်္ဂလာယူနေချိန်ဖြစ်သဖြင့် ဂျောင်ဂုကလေသံကိုထိန်းကာ ကင်မ်ဟာရင်းကိုပြတ်ပြတ်သားသားဆိုသည် ။
သီချင်းမဆုံးသေးခင် ခန်းမထဲမှ အပြေးတစ်ပိုင်းထွက်ခွာသွားခဲ့သော ဂျောင်ဂုကို သတို့သားနှစ်ဦးအပါအဝင် ဧည့်သည်များကပါ အထူးတဆန်းကြည့်နေကြသည် ။
" ဆော့ဂျင် ! "
Hallway အဆုံးတွင် ဓာတ်လှေကားစောင့်နေသောသူ၏ ပါးပြင်ပေါ်တွင် မျက်ရည်များလား ... သူမသဲမကွဲ ။
အဆင်ပြေခါနီးဟုဆိုခါမှ ထပ်၍လက်မလွှတ်နိုင် ၊ စာမလာသတင်းမကြားနှင့် ဆောက်တည်ရာမရခဲ့သော ဒီဇင်ဘာကိုသူပြန်မသွားနိုင် ။
YOU ARE READING
SYDNEY SERENADE
Fiksi PenggemarJungkook x Seok Jin | Summer Holiday Special [ ✓ ] ဆောင်းမှာစုံသည့် ဖူးစာ နွေတွင်အခန်းဆက် ။ တစ်ချက် တစ်ချက်ဝင့်သည့် မျက်စောင်းလှလှများသည် စာရေးဆရာကြီး၏ ပါးပေါ် တစ်ချက်နမ်းရန် တင်သည့်ဆပ်ကြွေး ။ 29th March 2024