Episode I

1.2K 137 74
                                    

Unicode

ဖြူရိပ်ဝေသော နှင်းမြူမှုန်များသည် ပတ်ဝန်းကျင်အနှံ့ ။ ပျားပန်းခတ်သွားလာနေကြသော လမ်းသွားလမ်းလာများသည် ရာသီဥတုဘယ်လောက်အေးသည်ဆိုဆို ဂရုမထားနိုင် နေ့စဉ်ဘဝလှုပ်ရှားမှုကို မပျက်ပြုရဆဲ ။

ဖိုင်တွဲသုံးခုခန့်ကို လက်ထဲထပ်ကိုင်လျက် မြေအောက်ဘူတာလှေကားထံ အမြန်ပြေးဆင်းရသည် ။

သူသည် အအေးဒဏ်မခံနိုင်သူဖြစ်၍ Heater ရှိသည့် မြေအောက်လိုနေရာများကို ပြေးဝင်လိုက်လျှင် ရင်ဘတ်ထဲထိ နွေးထွေးသွားသော ခံစားချက်ကို အလွန်အမင်း သဘောကျတတ်သည် ။

" နွေမြန်မြန်ရောက်ချင်ပြီ ! အေးလိုက်တာ "

ဆန္ဒလေးကို ခပ်တိုးတိုးရေရွတ်‌နေသူ၏ နှာဖျားထိပ်လေးသည် အကာအကွယ်မပါသဖြင့် နီနီရဲရဲ ။

ပဲများချင်၍ လက်အိတ်မဆောင် ၊ Long coat တစ်ထည်နှင့်ထွက်ခဲ့မိသည်ကို ဆော့ဂျင်ခုမှနောင်တရလိုက်မိသည် ။

5 နာရီလုံးလုံး စာတမ်းပြုစုသည့်အရေးနှင့် အလုပ်ရှုပ်နေခဲ့၍ ဆော့ဂျင်မနက်အိပ်ရာထကတည်းက သန့်စင်ခန်းတစ်ခါသာ သုံးရသေးသည် ။ အစောပိုင်း ပြေးနေလွှားနေတုန်းက မသိသာပေမဲ့ ယခုခပ်နွေးနွေးနေရာလေးလည်း ရောက်ရော ... ။

" အရေးပေါ် !! "

အရေးပေါ်အခြေအနေမို့ ဦးနှောက်ရော မျက်စိရောပါ တစ်ပြိုင်တည်း အလုပ်ပေးလိုက်သည် ။ ဘူတာရုံဆိုင်ခန်းလေးတွေပေမို့ တစ်ယောက်စာသန့်စင်ခန်းများသာ ရှိလိမ့်မည် ။

ထို့နောက် Latte ရောင် Long coat ပိုင်ရှင်သည် အနီးအနားရှိ ကော်ဖီဆိုင်ထံသို့ ခပ်သွက်သွက်ပြေးသွားကာ မှန်တံခါးကို တွန်းဖွင့်လိုက်သည် ။

" Rest Room သုံးချင်လို့ !! "

မုန့်ကောင်တာတွင် ဖိုထဲမှထွက်ခါစ ပေါင်မုန့်မျိုးစုံအား စီရီထည့်‌နေသည့် ဆိုင်ဝန်ထမ်းမိန်းက‌လေးကို ဆော့ဂျင်ခပ်ကြိတ်ကြိတ်ပြောလိုက်သည် ။

" Customer သီးသန့်ပါ "

မျက်နှာတည်နှင့် ကိုယ့်ကိစ္စမဟုတ်သလို ပြောနိုင်သော မိန်းကလေးငယ်အား ဆော့ဂျင်အံ့ဩနေဖို့လည်း မစဉ်းစားနိုင် ။ လောလောဆယ် ကိုယ့်အရေးပေါ်ကိုယ်သာ သိသည် ။

SYDNEY SERENADE Where stories live. Discover now