Episode VII

572 100 57
                                    

Unicode

Sydney ထိလာရောက်ဂုဏ်ပြုကြသည့် နှစ်ဖက်အသိုင်းအဝိုင်း အသိမိတ်ဆွေအချို့ဖြင့် Cruise ပေါ်ကျင်းပသော ပျော်ပွဲရွှင်ပွဲလေးသည် ကြယ်ရောင်များစီသောမိုးသားအောက်တွင် အလိုက်သင့်ကလေး ။

ကျယ်ပြောလှသော Paramatta မြစ်အလယ် တ‌ရွေ့ရွေ့သွားနေသည့် အလတ်စားဇိမ်ခံသင်္ဘောသည် မြို့ပြ၏ကာလာစုံ လှသွေးသဏ္ဌာန်တို့အား ပတ်လည်ခြံရံလျက် ။

ရွှေဝါရောင်မီးတန်ဆောင်တို့၏ အထောက်အပံ့ဖြင့် Sydney ၏ကျက်သရေဆောင် အဆောက်အဦးကြီးသည် ခန့်ခန့်ညားညား ။ ၎င်း၏ရောင်ပြန်ထင်သော ပုံရိပ်သည် မြစ်ပြင်ပေါ်တွင် ရွှေကြေးမုံပြင်တစ်ချပ်အလား ခမ်းနားနေစေသည် ။

ထိုအလှကျက်သရေတို့ရှိရာ Australia သည် နတ်ဘုံနတ်နန်းဟုပင် တင်စားသင့်သောအရပ် ။

ဂျီမင်တို့စုံတွဲကလည်း အဓိကဖြစ်သဖြင့် ထွေရာလေးပါးဧည့်ခံစကားဆိုရန် အောက်ထပ်တွင်သာရှိနေရသည် ။

တစ်စုံတစ်ယောက်ကတော့ နာမည်ကြီးစာရေးဆရာဟူသော အမည်နှင့်ပင် စကားစမဖြတ်နိုင်ရှိနေလိမ့်မည် ။ ထိုသူ၏နံဘေးတွင် လိုက်ဖက်ညီသော တွဲဖက်ကဲ့သို့ မိန်းမငယ်တစ်ဦးဟာလည်း အသင့်ရှိနေဦးမည်။

သူစိမ်းတို့၏ စကားဝိုင်းများကြား အူတူတူမနေလိုသည်ကတစ်ကြောင်း အလှတရားများကို လွတ်မသွားချင်သည်ကတစ်ကြောင်းဖြင့် ဆော့ဂျင် သင်္ဘော၏ဒုတိယထပ် လူမရှိသည့်အနောက်ခြမ်းတွင် လာနေလိုက်သည် ။

တစိမ့်စိမ့်တိုက်နေသော ညလေစိမ်းများသည် သူ၏ထွေပြားနေသော စိတ်ခံစားချက်များကို ရှင်းလင်းသွားစေနိုင်လည်း ကောင်းပါရဲ့ ။

" အမေတို့ကို ပြရမယ် ~ "

ပြည်ပတွင် ကျောင်းတက်နေရသည်မှာ ကြာပြီဖြစ်၍ အိမ်လွမ်းသည့်စိတ်လေးကလည်း ပြန်ပေါ်လာပြန်သည် ။ ကျောင်းပြီးမှပြန်မည်ဟု ဆုံးဖြတ်ထားသဖြင့် သည်နှစ်တွေထဲမိဘပိုင် စိုက်ပျိုးခြံလေးဆီ အလည်မပြန်ဖြစ်ခဲ့ ။

အညိုရောင်ချည်ရှပ်အင်္ကျီလေး၏ အိတ်ကပ်ထဲမှဖုန်းလေးကို ထုတ်ယူလိုက်ပြီး သူမြင်နေရသောမြင်ကွင်းများကို ဗီဒီယိုမှတ်တမ်းတင်လိုက်သည် ။

SYDNEY SERENADE Where stories live. Discover now