☕︎ 𝙲𝙷𝙰𝙿𝚃𝙴𝚁 _ [1] ♡´・ᴗ・'♡
ဖျော်ဖြေရေးလောက <1>မင်း ဘယ်သူလဲ?
-ဗီလိန်ကယ်တင်ရေး system
ငါ့တာဝန်က ဘာလဲ?
-ဗီလိန် ရန်လင်းကို ကယ်တင်၊ သူ့ကိုအကြပ်အတည်းတွေဆီက ဆွဲထုတ်ပြီး ရသင့်တာမှန်သမျှ ပိုင်ဆိုင်နိုင်အောင် ကူညီပေးပါ။
*** *** ***
လင်ရှောင်းထန် မျက်လုံးတစ်ဖန်ပွင့်လာချိန်မှာ ကျဥ်းမြောင်းညစ်ပတ်တဲ့ အိမ်သာခန်းငယ်လေးထဲ မတ်တပ်ရပ်နေတယ်ဆိုတာ သိလိုက်ရသည်။
သူမအပေါ်ကျလာတဲ့ ရေတွေဆိုတာလည်း တကိုယ်လုံးရွဲရွဲသွားအောင် တနင့်တပိုးကျလာကာ တစ်ကိုယ်လုံးကလည်း ရေစိုနေတဲ့ကြက်ပေါက်လေးအလား။
ရေစိုဝတ်တွေကလည်း သူမကိုယ်ထက်ကပ်နေကာ ချမ်းအေးလွန်းတာကြောင့် ခိုက်ခိုက်တုန်နေပြီး သူမရဲ့အသက်ရှုသံကတောင် အနည်းငယ်ကျောချမ်းဖွယ်အတိ။
သူမရှေ့မှောက်မှာတော့ အထက်တန်းကျောင်းဝတ်စုံနဲ့ မိန်းကလေးငယ်အချို့။
သူတို့ရဲ့ ရောက်တတ်ရာရာစကားသံတွေက တစ်ခန်းလုံးဖုံးလွှမ်းလျက်။
"သူမကို ဒီမှာထိန်းထားလို့ လုံခြုံပါ့မလား?"
"မပူစမ်းပါနဲ့။ ဒီမှာ စောင့်ကြည့်တာလည်းမရှိဘူး။ ဆရာမတွေကလည်း သူ့မှအရေးမလုပ်တာ။ ဘာများ ဖြစ်နိုင်ဦးမှာလဲ?"
"အမှန်ပဲ။ သူ့ကို သင်ခန်းစာလေး ပေးရုံပါ။ ဘယ်သူက သူ့ကိုအငယ်အနှောင်းအနေနဲ့ စီနီယာရှကို ဆွဲဆောင်ခိုင်းလို့လဲ?"
နောက်ဆုံးစကားပြောလိုက်တဲ့မိန်းကလေးက နှာမှုတ်ကာ လက်ဆန့်ပြီးလင်ရှောင်းတန်ကို တွန်းလိုက်၏။
"ဟေ့၊ ဘယ်လိုလဲ bitch? ဆရာမဆီ ပြေးတိုင်ဦးမှာလား?"
လင်ရှောင်းထန်ဘက်က စကားဆိုမလာ။
သူမရပ်လျက်သာ တိတ်တဆိတ်ကြည့်နေလေသည်။
သူမအသားအရည်မှာ မူမမှန်လောက်အောင် ဖြူဖျော့နေပေမယ့် လူတွေကို ကြောက်ဒူးတုန်သွားစေသည့် မျက်ဆံတစ်စုံမှာတော့ မှင်ရည်ပျစ်ပျစ်အလား မဲနက်လှသည်။
YOU ARE READING
လွတ်မြောက်ရေးဘော့စ်သူမ
Fantasy𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐓𝐫𝐚𝐧𝐬𝐥𝐚𝐭𝐢𝐨𝐧 𝐨𝐟 ( 她是逃生BOSS[快穿] ) 𝐸𝑛𝑔𝑙𝑖𝑠𝑛 𝑛𝑎𝑚𝑒: '𝑆ℎ𝑒 𝑖𝑠 𝑡ℎ𝑒 𝑒𝑠𝑐𝑎𝑝𝑒 𝑏𝑜𝑠𝑠' 𝐴𝑈𝑇𝐻𝑂𝑅: 𝐶𝑟𝑜𝑠𝑠 𝐾𝑖𝑙𝑙 𝑇𝑌𝑃𝐸: 𝑊𝑒𝑏 𝑁𝑜𝑣𝑒𝑙 𝐶𝐻𝐴𝑃𝑇𝐸𝑅: 102 𝑐ℎ𝑎𝑝𝑡𝑒𝑟 (𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒) 𝑅𝐴�...