☕︎ 𝙲𝙷𝙰𝙿𝚃𝙴𝚁 _ [3] ♡´・ᴗ・'♡
ဖျော်ဖြေရေးလောက <3>ရှဇီရန်အနေဖြင့် လင်ရှောင်းတန်ကို လာမရှာချင်။
နောက်တစ်နည်းပြောရရင် သူလင်ရှောင်းတန်ကို တကယ်မကြိုက်ပေ။
လူတိုင်းသိကြတဲ့အတိုင်း ရှဇီရန်ကြိုက်သည်မှာ ကျောင်းပထမနှစ်တတ်နေတဲ့ စုထျန်းထျန်းကိုသာ။
သူတို့နှစ်ဦးတိတ်တခိုးချစ်နေတာက တစ်နှစ်ကြာနေသည့်အပြင် ပိတ်ရက်တွေမှာလည်း အတော်လေး တပူးတွဲတွဲ ရှိနေတတ်ကြသေးသည်။ ရှဇီရန်ကလည်း စုထျန်းထျန်းကို ညတိုင်းခေါ်ကာ ပုံပြင်တွေပြောပြီးချော့သိပ်တတ်သည်။
ဒီတိုင်းသာဆို ဘာလို့လင်ရှောင်းတန်နဲ့ ဒီလိုမျိုးတွဲနေသေးလဲ?
ဘာလို့လဲဆိုတော့ သူကလင်ရှောင်းတန်ကိုသုံးပြီး စုထျန်းထျန်းကို ဆွချင်လို့ပေါ့။
စုထျန်းထျန်းက သိပ်ကိုရိုးရှင်းလွန်းသည်။ သူငယ်ချင်းနဲ့အချစ်ကြားကဘောင်ကိုတောင် မခွဲတတ်၊ ခုထိတောင် သူ့ကိုဆက်ဆံနေတာက အစ်ကိုတစ်ယောက်လိုသာ။
ရှဇီရန်တစ်နှစ်စောင့်ခဲ့သည်။ ခုတော့ သူထပ်မစောင့်ချင်တော့ပေ။
လင်ရှောင်းတန် သူ့ကိုသဘောကျနေမှန်းလည်း သိသည်။ လင်ရှောင်းတန်ဆိုတာ အတင်းအဖျင်းတွေကို အာရုံမလာတဲ့၊ သူနဲ့စုထျန်းထျန်းကြားကပတ်သတ်မှုကို မသိတဲ့အထီးကျန်သမားလေး ဆိုတာကိုရော သူသိသည်။
ဒါကြောင့်သူက လင်ရှောင်းတန်ကိုလက်ဦးမှုယူပြီး သူ့ကောင်မလေးဖြစ်ချင်လားလို့ မေးလိုက်သည်။
သိပ်အံ့သြစရာမရှိဘဲ သူမကလည်း လက်ခံရှာသည်။
သူ့ရဲ့ဒီထိုင်းထိုင်းမှိုင်းမှိုင်းကောင်မလေးက ဒီလောက်ပြသနာရှာမယ်လို့တော့ မမျှော်လင့်ထားခဲ့ရုံသာ။မနေ့ကဖြစ်တာကိုကြည့်ရင် လင်ရှောင်းတန်ကအပြစ်မရှိဘဲ ဒဏ်ရာရရခဲ့တာကြောင့် သူ့အနေနဲ့ သူမကိုနည်းနည်းစာနာမိသည်။
ရှဇီရန်သူမကိုရှာပြီး စကားကောင်းကောင်း ပြောတော့မလို့ပင်။
YOU ARE READING
လွတ်မြောက်ရေးဘော့စ်သူမ
Fantasy𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐓𝐫𝐚𝐧𝐬𝐥𝐚𝐭𝐢𝐨𝐧 𝐨𝐟 ( 她是逃生BOSS[快穿] ) 𝐸𝑛𝑔𝑙𝑖𝑠𝑛 𝑛𝑎𝑚𝑒: '𝑆ℎ𝑒 𝑖𝑠 𝑡ℎ𝑒 𝑒𝑠𝑐𝑎𝑝𝑒 𝑏𝑜𝑠𝑠' 𝐴𝑈𝑇𝐻𝑂𝑅: 𝐶𝑟𝑜𝑠𝑠 𝐾𝑖𝑙𝑙 𝑇𝑌𝑃𝐸: 𝑊𝑒𝑏 𝑁𝑜𝑣𝑒𝑙 𝐶𝐻𝐴𝑃𝑇𝐸𝑅: 102 𝑐ℎ𝑎𝑝𝑡𝑒𝑟 (𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒) 𝑅𝐴�...