SITEB Chapter-(5)

94 6 2
                                    

☕︎ 𝙲𝙷𝙰𝙿𝚃𝙴𝚁 _ [5] ♡´・ᴗ・'♡
ဖျော်ဖြေရေးလောက <5>

ဒါပေမယ့်ဒီအတွေးက ရန်လင်းရဲ့အထင်သက်သက်သာ။

ဖျော်ဖြေရေးနယ်ပယ်ရဲ့ကံကြမ္မာက အပြောင်းအလဲမြန်၊ရှုပ်ထွေးပြီး ခန့်မှန်းရသိပ်ခက်သည်။ ကျော်ကြားတယ်၊မကျော်ကြားဘူးဆိုတာက ကံပေါ်မှာမူတည်နေတာကြောင့် ဘယ်သူမှတပ်အပ်မပြောနိုင်။

နောက်တော့ရန်လင်းနဲ့လင်ရှောင်းတန်လည်း ဝန်ထမ်းရဲ့ညွှန်ကြားချက်အတိုင်း နားနေခန်းကနေထွက်လာတော့သည်။

ဒါရိုက်တာနဲ့ရပ်ကြည့်နေတဲ့သရုပ်ဆောင်တွေကို အသင့်ဖြစ်ပြီးသူတို့ရဲ့ရိုက်ကွင်းအသီးသီးကို အစပြုဖို့သိပ်တော့မကြာခဲ့ချေ။

အခုရှိနေတဲ့လူတွေကလွဲလို့ လူအနည်းငယ်သာဟိုတစ်နေ့က လူရွေးပွဲအကြောင်း သိထားကြသည်။

ရန်လင်းပါးစပ်ကတော့ တင်းတင်းစေ့ထားလျက်။ လင်ရှောင်းတန်ကစကားပြောရတာ မကြိုက်တဲ့ သရဲနေရာကသရုပ်ဆောင်ငယ်လေးဖြစ်နေတာကြောင့် ဘယ်သူမှတော့အာရုံလာမှာမဟုတ်။

'ကျန်ရစ်ဆဲဘဝ' မှာသရဲတွေသရုပ်ဆောင်တွေ၊ ကြောက်စရာဇာတ်ကွက်တွေ အများကြီးပါနေပေမယ့် ဇာတ်ကြောင်းကိုတော့လူတွေက ခြယ်လှယ်နေဆဲပင်။

ကျန့်ချင်းနျန်ဘက်ကတော့ အလားအလာရှိတဲ့အမြစ်ပေါက်လေး လင်ရှောင်းတန်ကိုတွေ့ပြီးနောက် ညနက်တဲ့ထိဇာတ်ညွှန်းဆရာနဲ့ ဇာတ်ညွှန်းတွေထိုင်ပြင်ကြတော့သည်။

အကြောင်းအမျိုးမျိုးကြောင့် မရိုက်နိုင်ခဲ့တဲ့ဇာတ်ကွက်တွေ သေချာမရိုက်နိုင်ခဲ့တဲ့ဇာတ်ကွက်တွေကို သူတို့တစ်တွေပြန်ထည့်လိုက်ကြသည်။

လင်ရှောင်းတန်ရဲ့နေရာနဲ့ပတ်သတ်လို့ ပြသနာတွေကြုံရတာကြောင့် သူတို့လည်းအထူးဂရုစိုက်ရ၏။

ကျန့်ချင်းနျန်နဲ့ဇာတ်ညွှန်းဆရာက အနုပညာနယ်ပယ်မှာ ရှိတာကြာပြီဖြစ်တာပြီဖြစ်တာကြောင့် လင်ရှောင်းတန်ကိုအဓိကဇာတ်ဆောင်အနေနဲ့ ခန့်လိုက်တာက ဝေဖန်ခံရမည်ဆိုတာကို သိကြသည်။

ဒါပေမယ့်လည်း ဒီဒရမ်မာမှာသူမကိုထပ်ထည့်တဲ့ကိစ္စကို သဲလွန်စပါမချန်ဘဲ အလွယ်တကူကိုင်တွယ်နိုင်သည်။

လွတ်မြောက်ရေးဘော့စ်သူမWhere stories live. Discover now