SITEB Chapter-(6)

148 10 4
                                    

☕︎ 𝙲𝙷𝙰𝙿𝚃𝙴𝚁 _ [6] ♡´・ᴗ・'♡
ဖျော်ဖြေရေးလောက <6>

ရန်လင်းနဲ့လင်ရှောင်းတန်ကြားက စိတ်ဝင်စားစရာဆက်နွယ်မှုက လူများစွာ၏အာရုံကို ဖမ်းစားသွားသည်။

ဒီတစ္ဆေဆန်ဆန်ကလေးမလေးက အပြင်မှာကျသိပ်ချစ်ဖို့ကောင်းတယ်!

စာသင်တာဘာညာကိုစိတ်ပူနေတာက မသိရင်သူမကသူတို့ညီမလေးလိုမျိုးပင်။

လင်ရှောင်းတန်က weibo မသုံးတာမို့ လူအများစုကရန်လင်း weibo ကိုfollowပြီး ရန်လင်းကိုစနောက်ခေါ်ကြတဲ့အသုံးက 'ယောက်ဖ' ဟု။ (weibo = တရုတ်မှာအသုံးများတဲ့ဆိုရှယ်မီဒီယာတစ်မျိုး)

ဒီဗီဒီယိုကိုကြည့်ပြီး လင်ရှောင်းတန်ဖန်တွေက စာအုပ်ဆိုင်ကိုသွား၊ စာလေ့လာဖို့ပစ္စည်းတွေအထုတ်လိုက်ဆွဲကာ ရန်လင်းကုမ္ပဏီကိုပင်ပို့လိုက်သေးသည်။

တစ်ချို့လင်ရှောင်းတန်ဖန်အကြီးစားတွေဆို သူတို့အထက်တန်းကမှတ်စုတွေအမျိူးအစားတွေခွဲပြီးတောင်ပို့သေးသည်။

လင်း​ရှောင်တန်ကိုသူတို့ချစ်တဲ့အချစ်က ဒီအသိုင်းဝိုင်းကသူတွေအတွက် သိသာလွန်းလှသည်။

တခြားတစ်ဘက်ကရန်လင်းရဲ့ကုမ္ပဏီမှာတော့ သူ့ညီမနာမည်ရနေတာကိုမြင်ပြီး ချက်ချင်အချိုးပြောင်းသွားလေသည်။

ဖျော်ဖြေရေးလောကမှာ အရေးကြီးဆုံးကဘာလဲ?

မျက်နှာလေးလှတာလား? သရုပ်ဆောင်ကောင်းတာလား? နောက်ခံတောင့်တာလား? အဆက်အသွယ်လား? နိုးပါ....ကျော်ကြားမှုပါပဲ။

တစ်ချို့တွေအရမ်းချောပြီး သိပ်သရုပ်ဆောင်ကောင်းကြသည်။ ဒါမယ့်အရမ်းနာမည်မရ။

တစ်ချို့တွေကလည်း သိပ်နောက်ခံတောင့်ကြသည်။ အဆုံးကျတော့လည်း ကျော်ကြားမှုလေးနည်းနည်းနဲ့။

တစ်ချို့တွေများကျတော့ ရသစုံရှိုးလေးမှာ ဇာချဲ့လိုက်ရုံ ဒရမ်မာတစ်ခုမှာ လူလုံးထွက်ပြရုံနှင့် လုံးဝကြွယ်ဝသွားတတ်သည်။

ကံတရားကြီးက ဆန်းကြယ်လွန်းသည်။ သိပ်ကိုဆန်းကျယ်ပုံများ ဒီလောကထဲကတစ်ချို့နာမည်ကြီးတွေ ရုပ်လွန်ပညာသည်တွေကိုအရူးအမူးလိုက်ရှာရတာနဲ့၊ life cardအတွက် သရဲလေးတွေမွေးဖို့ ထိုင်းသွားကြတာနဲ့။

You've reached the end of published parts.

⏰ Last updated: May 21, 2024 ⏰

Add this story to your Library to get notified about new parts!

လွတ်မြောက်ရေးဘော့စ်သူမWhere stories live. Discover now