" ဒီနေ့အင်္ကျီကိုသပ်သပ်ရပ်ရပ်၀တ်ထားရမယ်လို့ဆရာမကမှာထားတယ် လျှောက်ပြေးဆော့လို့မရဘူးနော် ဟာနူးလ် ကိုကိုပြောတာကြားလား"
"ဟုတ်ကဲ့"
မနက်စာအတွက်ယူလာတဲ့ပဲပေါင်မုန့်ကိုပေပွအောင်စားထားတဲ့ဟာနူးလ်ရဲ့နှုတ်ခမ်းတစ်ဝိုက်ကို,ကိုကိုကလက်မဖြင့်အသာအယာပွတ်ကာသုတ်ပေးလိုက်တော့ကလေးလေးကသွားတန်းကလေးများပေါ်အောင်ပြန်ရယ်ပြတယ်။
အိပ်ဆောင်ကနေဟာနူးလ်ရဲ့လက်ကိုဆွဲကာတခြားကလေးတွေရှိတဲ့ဂေဟာရဲ့ပင်မအဆောင်ဘက်ကိုလျှောက်လာခဲ့သည်။ ပင်မဆောင်အရှေ့တွင်ရပ်ထားတဲ့အနက်ရောင်ပြောင်လက်လက်ကားအကောင်းစားနှစ်စီးကိုသူတို့နှစ်ဦးခဏမျှရပ်ငေးခဲ့ကြပြီးနောက်
" အဲ့ဒီကားကြီးစီးဖူးချင်တယ် ကိုကိုရောမစီးချင်ဘူးလား"
" ကိုကိုကတော့ဆိုင်ကယ်ပဲစီးချင်တာ"
ဟာနူးလ်ကတော့ထိုအနက်ရောင်ကားနှစ်စီးကိုဆက်ကြည့်ရင်းကိုကို့လက်ကိုတွဲကာဖြည်းဖြည်းလျှောက်လာပြီးနောက် ထိုကားပေါ်မှဆင်းလာသော အမျိုးသမီးတစ်ဦးကိုမြင်တဲ့အချိန် ကိုကို့ရဲ့အနောက်သို့အင်္ကျီစလေးဆွဲကာပုန်းကွယ်သွားသည်။
ထိုအမျိုးသမီးမှာသက်လတ်ပိုင်းဖြစ်၍ အသိုင်းအဝိုင်းကြီးကြီးတစ်ခုကဖြစ်ဟန်ကြော့ရှင်းလှပလျက်အမျိုးအမည်မသိသောသဘောထားတစ်ခုဖြင့်မျက်နှာသည်မော့ချီနေခဲ့သည်။
ကလေးအရွယ်ဖြစ်ခဲ့တဲ့ဟာနူးလ်တို့ကတော့ထိုသဘောထားကိုနားမလည်ခဲ့ရာထိတ်လန့်စရာဟုပဲရုတ်တရက်သတ်မှတ်ခဲ့ကျသည်။
__
ပင်မဆောင်အတွင်း၌စာရေးကိရိယာနဲ့ကစားစရာတွေကိုလက်ဆောင်ပေးရန်နေရာစီချထားတာတွေ့ရသည်။ ဆရာမကြီးနဲ့အတူစကားပြောနေတဲ့အလှူရှင်မိသားစုဘက်ကိုတစ်ချက်လောက်စောင်းကာလှည့်ကြည့်လိုက်သော်လဲမည်သူကမျှသူတို့ကိုသတိမထားမိ။
"ကျွန်မတို့ပြောတာအဲ့ဒီကလေးလေးပါပဲ။
အီသန် ဒီကိုလာပါဦး"အီသန်နဲ့တွဲလျက်ဟာနူးလ်ဟာလဲကပ်ကာလိုက်သွားပြီးထိုလူကြီးတွေရဲ့ရှေ့မှာကြောင်တောင်တောင်ဖြင့်ရပ်နေမိသည်။