"သူသတိမေ့နေတာအချိန်ဘယ်လောက်ကြာနေပြီလဲ"
"တစ်ပတ်ကျော်လောက်ပေါ့"
နွေးထွေးနေသောဟာနူးလ်ရဲ့လက်များကိုရေပတ်သန့်စင်ပေးလျက်ခင်ပွန်းကိုစကားပြန်ဆိုသည်။
ဒေါက်တာအန်ဒရူးရဲ့ဇနီးဖြစ်သူသည်လွန်ခဲ့တဲ့တစ်ပတ်ခန့်ကခင်ပွန်းသည်ဆေးရုံကခေါ်လာခဲ့တဲ့ကလေးတစ်ဦးကိုရုတ်တရက်မြင်ပါလျှင်မှင်သက်အံ့ဩ၍ထိတ်လန့်သွားခဲ့ရသည်။မိဘမဲ့ဂေဟာမှကလေးဖြစ်ပါစေဦး ဒီလိုနောက်ခံဇာတ်ကြောင်းတွေဖျောက်ပစ်ပြီးတိတ်တိတ်ကလေးခေါ်ထားတာဟာဘယ်လိုအကြောင်းအရင်းကြောင့်ပဲဖြစ်ပါစေ ဒါဟာအန္တရယ်များတဲ့လုပ်ရပ်ဖြစ်ကြောင်းသူတို့လင်မယားချင်းငြင်းခုံခဲ့ကျရသည်။
ဒေါက်တာအန်ဒရူးရဲ့အတွေးကို၀င်ရောက်မသိနိုင်တဲ့အမျိုးသမီးဖြစ်သူဟာနောက်ဆုံးတော့မိမိရဲ့သားလေးရဲ့ရွယ်တူဖြစ်လောက်မဲ့ဟာနူးလ်ကိုကြင်နာစွာပြုစုပေးရုံကလွဲပြီးမတတ်နိုင်ခဲ့ပါ။
"သူသတိရလာတဲ့အခါဂေဟာကိုပြန်ပို့ပေးလိုက်ရအောင်"
"ကိုယ်တို့သူ့ကိုမွေးစားကျမလား"
ဒေါက်တာအန်ဒရူးရဲ့စကားသည်ဇနီးသည်ကိုရာနှုန်းပြည့်ထိတ်လန့်စေခဲ့သည်။ ပင်ပန်းနွမ်းနယ်နေသောဇနီးသည်ရဲ့မျက်၀န်းချိုင့်တွေဟာဒေါသစိတ်များရစ်သီလျက်ဒေါက်တာအန်ဒရူးထံခါးသီးအေးစက်သောအကြည့်တစ်ချက်ဖြင့်ကြည့်လာသည်။
"ရှင်ရူးသွားပြီလား မဟုတ်မှလွဲရောကျွန်မတို့ဂျယ်ဂျွန်းရဲ့နေရာမှာဒီကလေးကိုအစားထိုးဖို့လုပ်နေတာလား"
"အစားထိုးတာမဟုတ်ဘူး ကိုယ်တို့သူ့ကိုဂျယ်ဂျွန်းရဲ့ညီလေးအဖြစ်မွေးရအောင်ပါ"
"ဂျွန်းလေးကလောကကြီးမှာမရှိတော့ပင်မဲ့ကျွန်မမှာသားဆိုလို့သူတစ်ယောက်ပဲရှိတယ်။ဘယ်သူကမှကျွန်မရင်ထဲကသားရဲ့နေရာကိုအစားထိုးလို့ရမှာမဟုတ်ဘူး"
ဒေါက်တာတို့ဇနီးမောင်နှံဟာတစ်ဦးတည်းသောသားဖြစ်တဲ့ဂျယ်ဂျွန်းကိုရတဲ့အချိန်ထဲကဘ၀မှာအပျော်ရွှင်ဆုံးနဲ့အမှတ်တရအဖြစ်ဆုံးမှတ်ညဏ်တွေထဲရှင်သန်ခဲ့ကျရပါတယ်။သို့သော်တစ်ချိန်ချိန်တွင်ရောက်လာခဲ့သောကံကြမ္မာဟာသူတို့ကဲ့ပျော်ရွှင်မှုမှတ်ညဏ်အားလုံးကိုတိုက်စားဖျက်ဆီးနိုင်ကြောင်းရိပ်စားမိခဲ့သော်ဒီလိုပူပန်သောကရောက်နေကျပါ့မလား။