1997ခုနှစ် , ဆောင်းရာသီ
နို၀င်ဘာလအလယ်ဆောင်းအအေးဟာခိုက်ခိုက်တုန်အောင်ချမ်းရတဲ့အပြင်ရှုသွင်းရမိသောလေ၊ထိတွေ့ခံစားမိတဲ့လေထုဟာလဲပွန်းပဲ့နာကျင်သွားမလားခံစားရတဲ့အထိအအေးဒဏ်ပြင်းတဲ့နှစ်ဖြစ်ခဲ့ပါသည်။
အိပ်မောကျနေသောကလေးငယ်....
နွေးထွေးစေသောသိုးမွေးပစ္စည်းများစွာဟာအအေးဒဏ်ကိုကာကွယ်ပေးလျက်ငြိမ်သက်တိတ်ဆိတ်စွာအိပ်မောကျနေသောကလေးငယ်ဟာစွန့်ပစ်ပစ္စည်းတစ်ခုနှယ်ထားခဲ့ခြင်းကိုခံခဲ့ရလျက်။နှင်းတဖွဲဖွဲကျသောညမှာငိုသံပျောက်တိတ်ဆိတ်နေတဲ့ကလေးဟာ မိခင်ထားရက်ခဲ့သည့်ပုံအတိုင်းစက္ကူဘူးခပ်ကြီးကြီးထဲတွင်ကျဉ်းကျပ်စွာအိပ်စက်ငြိမ်သက်နေခဲ့သည်။
"ဂေဟာအရှေ့မှာကလေးတစ်ယောက်ကိုလာစွန့်ပစ်သွားပြန်ပြီ ဆရာမကြီး"
"အို ဒီလောက်ပြင်းတဲ့ရာသီဉတုကြီးမှာတဲ့လား"
ဂေဟာရဲ့မလှမ်းမကမ်းမှာရှိတဲ့၀ါးရုံပင်တွေကြားမှာကလေးပိုင်ရှင်အမျိုးသမီးဟာခဏတာထိုမြင်ကွင်းကိုရပ်ကြည့်နေခဲ့ရာကလေးငယ် ဂေဟာကလူတွေလက်ထဲသေသေချာချာရောက်သွားတာမြင်တဲ့နောက်တော့သံယောဇဉ်လုံးလုံးဖျက်ကာကျောခိုင်းထွက်ခွာလာခဲ့သည်။
မျက်စိနှစ်လုံးပွင့်လို့ကလေးနိုးလာခဲ့သော်သူ့မိခင်ကိုရှာ၍ငိုမနေဖို့မျှော်လင့်သည်။ အချိန်တစ်ခု၊အရွယ်တစ်ခုရောက်လာသော်သူ့ကိုစွန့်ပစ်ခဲ့သောမိခင်ရဲ့မျက်နှာကိုမေ့ပစ်သွားဖို့လဲမျှော်လင့်သည်။
နှင်းပွင့်နှင်းစက်တွေကြားကထိုအမျိုးသမီး၏အရိပ်မည်းသည်တဖြည်းဖြည်းပျောက်ကွယ်လုနီးနီး။
နှင်းထုအလွှာရဲ့အပေါ်တဖြည်းဖြည်းဖြာကျလာမဲ့နေရောင်ခြည်နွေးနွေးကလဲအရှေ့အရပ်မှာဆန်တက်လာခဲ့ကာနေ့သစ်တစ်ရက်ထပ်မံမွေးဖွားလာခဲ့သည်။_____⌛
"Happy birthday dear ဟာနူးလ်
Happy birthday to you"အ၀တ်အစားအသစ်ကိုလှလှလေး၀တ်ပြီးအရုပ်လေးတွေကိုတစ်ခုမှမလွတ်တမ်းပွေ့ဖက်ကိုင်ထားရတဲ့ခံစားချက်နဲ့အဲ့ဒီနေ့ဟာ၊ ဟာနူးလ်အတွက်အပျော်ရွှင်ရဆုံးရက်စွဲဖြစ်လိမ့်မည်။