memories of harmony

413 52 11
                                    

ချစ်ခြင်းမေတ္တာရဲ့အဓိပ္ပါယ်ကိုဆောနူရဲ့ခံယူချက်နားလည်မှုထဲမှာတော့ဆောင်းဟွန်းနဲ့သဘောထားခြင်းအနည်းငယ်ကွဲလွဲနိုင်လိမ့်မည်။

နားမလည်ပေးနိုင်ဘူး၊ခွင့်မလွှတ်ပေးနိုင်ဘူးလို့ဆိုတဲ့မျဉ်း‌ကြောင်းရဲ့အ‌ပေါ်စီးမှာဆောနူရှိနေပြီး ဘာမဆိုခွင့်လွှတ်ပြီးသည်းခံနားလည်ပေးပါ့မယ်ဆိုတဲ့အခြေဘက်မှာတော့ဆောင်းဟွန်းရှိနေသည်။

မျှခြေညီတဲ့ဆက်ဆံရေးလို့ဆိုပင်မဲ့လဲတစ်ခါတစ်လေတော့နာတဲ့သူ၊သာတဲ့သူတော့ရှိမြဲပါပဲ။ ကောင်းခြင်းဆိုးခြင်းအားလုံးကိုတစ်ဖက်ထဲကိုပဲသာစီးနေခြင်းကလဲ ၀ဋ်။ တစ်နည်းအားဖြင့် ဆောင်းဟွန်းရဲ့ဒုက္ခအိုးလှလှလေး...

နှစ်ခြိုက်စွာအိပ်မောကျနေဆဲဆောင်းဟွန်းဟာပုံမှန်သူကြားနေရတဲ့နာရီနှိုးစက်သံတွေနဲ့ကင်းကွာရာဖြစ်တဲ့ဆောနူရဲ့အိမ်တွင်တစ်ညလုံးရှိနေခဲ့သည်။

ထပ်အိပ်ခိုင်းမိရင်အလုပ်နောက်ကျနိုင်သော်ငြားနှစ်ခြိုက်စွာအိမ်မောကျနေဆဲဆောင်းဟွန်းကိုဆောနူမနှိုးရက်ပါဘူး။

ကုတင်ဘေးမှာဆောနူထိုင်ကာငြိမ်သက်နေမိသည်။သူ့အသက်ရှုသံကြောင့်တောင်နိုးသွားမှာဆိုးလို့ခပ်ဖွဖွလေးပဲပင့်သက်ရှိုက်လို့ရယ်။ ဆောင်းဟွန်းကညဘက်တွေအိပ်မပျော်ဘူးလို့သူ့ကိုပြောလာရင်သူလုပ်ပေးနိုင်ခဲ့တာဘာမှမရှိဘူး။ တစ်ခါတစ်လေသူ့အိမ်မှာဒီလိုနှစ်နှစ်ခြိုက်ခြိုက်လာအိပ်နေတာကိုတော့အနှောက်အယှက်မလုပ်ချင်ပါရယ်။

သူ့ကြောင့်ဆောင်းဟွန်းကအများကြီးပင်ပန်းနာကျင်ရတာဆောနူသိနေတာကိုတော့၀န်ခံရလိမ့်မည်။ သူတို့ဆက်ဆံရေးမှာဆောင်းဟွန်းကအများကြီးပိုချစ်တဲ့လူလို့တောင်ခံစားရတယ်။ ဒါပင်မဲ့ဆောနူမတတ်နိုင်ဘူး။ သူ့ဒေါသနဲ့အတ္တနဲ့ယှဉ်လာတဲ့အခါဆောင်းဟွန်းကိုသူမေ့မေ့သွားတယ်။ အတ္တတွေဒေါသ‌တွေသွေဖယ်တဲ့အဖြူရောင်မြင်ကွင်းလေးထဲမှာတော့သူဆောင်းဟွန်းကိုသိပ်ချစ်ပါတယ်။

" Ring Ring Ring "

အိတ်ကပ်ထဲကဖုန်းရဲ့အသံကိုအလန့်တကြားအရင်ပိတ်ကာဆောင်းဟွန်းမနိုးသွားတာအတည်ပြုပြီးတဲ့နောက်ဖုန်းကိုင်ရန်အခန်းထဲမှတိတ်တိတ်လေးပြန်ထွက်လာခဲ့သည်။

Midnight Blue [Heesunsun]Where stories live. Discover now