triangle

442 54 12
                                    

ဆောင်းရာသီတိုင်းကအရင်လိုအေးစက်နေဆဲပဲ
မင်းမရှိတော့နှင်းပွင့်တွေကြားအတူတူပြေးလွှား
ပေးမဲ့လက်တစ်စုံကိုရှာမတွေ့တော့ဘူး။

ကလိုဗာသစ်ရွက်တွေကိုမြင်ရင်အရင်ကလို၀မ်းပန်းတသာမရှိနိုင်တော့တာနှစ်ပေါင်းများစွာကြာခဲ့ပြီ။ ကံကောင်းခြင်းကသူ့အနားကထွက်သွားခဲ့တဲ့နောက်ပိုင်းဘ၀ဟာအဆင်ပြေစရာဘာရှိပါ့မလဲ။

" အဲ့အခန်းထဲမှာဟာနူးလ်ရှိတယ်လို့။ ဟာနူးလ်ကိုခေါ်ထုတ်လာပေးကျပါ"

"ဟာနူးလ်လေးကိုကယ်နိုင်မှာပါ သားရယ်"

"ကျွန်တော့်ကိုလွှတ် ဟာနူးလ်ကကျွန်တော်ပြန်လာမှာကိုစောင့်နေတာ ကျွန်တော်သွားခေါ်မှဖြစ်မယ်"

"အီသန် အီသန်"

အိမ်မက်၏အပြင်မှာပါအသံထွက်ပြီးငိုမိခဲ့လားမသိပင်မဲ့ရင်ဘတ်ထဲကနာကျင်မှုကဆယ်စုနှစ်တစ်ခုတိုင်မပြောင်းလဲနိုင်ဘူး။ နိုးထလာတဲ့အခါချွေးစက်နဲ့မျက်ရည်တွေကသူ့လည်တိုင်တစ်ဝိုက်ရွှဲလို့နေသည်။

အလုပ်စားပွဲမှာပဲအိပ်ပျော်နေမိတာ။ မအိပ်ခင်ကထုတ်ကြည့်ခဲ့တဲ့လက်ပတ်လေးကိုတစ်လျှောက်လုံးလက်ထဲမှာကျစ်ကျစ်ဆုပ်ထားမိခဲ့တာဖြစ်သည်။ ဟာနူးလ်နှင့်အမှတ်တရပစ္စည်းလေးကိုပြန်ထိတွေ့လိုက်သည့်အတွက်အဲ့ဒီအိမ်မက်ဆိုးကိုဟီဆွန်းပြန်မက်နေတာဖြစ်သည်။

ချည်ကြိုးအနက်ရောင်ဖြင့်ရစ်ပတ်ထားတဲ့လက်ပတ်လေး၌ကလိုဗာသစ်ရွက်ကိုထည့်သွင်းပုံဖော်ထားတဲ့ဒီဇိုင်းလေးကိုသူနဲ့ဟာနူးလ် ကံကောင်းခြင်းအနေနဲ့ဆင်တူ၀ယ်ခဲ့တာကျတာဖြစ်ပြီးအခုတော့ဟီဆွန်းလဲသိမ်းထားတာကြာခဲ့ပြီဖြစ်သည်။

အိပ်ယာပေါ်ကိုသွားပြီးထပ်အိပ်လို့ပျော်နိုင်မှာလဲမဟုတ်။ အိပ်မက်ထဲသို့ထပ်ပြီးလဲမလည်ပတ်ချင်။
သူလက်တွေ့ခံစားခဲ့တဲ့နာကျင်မှုကနှစ်ပေါင်းများစွာတောင်မပြီးဆုံးပဲအိမ်မက်အဖြစ်ကြိမ်ဖန်များစွာထပ်ပြီးသူ့ဆီပြန်ရောက်လာနေခဲ့တာ။

"ငါသာအဲ့နေ့ကဟာနူးလ်ကိုတစ်ယောက်ထဲပစ်မထားခဲ့ရင် ငါသာအဲ့နေ့ကသူ့နားမှာရှိခဲ့ရင် ဒီလိုမဖြစ်ခဲ့ဘူး ငါ့အမှားတွေပါ"

Midnight Blue [Heesunsun]Where stories live. Discover now