စိမ်းစိုခြင်းမရှိတဲ့ကျူးလစ်ပန်းအိုး
တတောက်တောက်မြည်နေတဲ့ညသန်းခေါင်ရဲ့စက္ကန့်လက်တံ။ လေးလံနေတဲ့ခန္ဓာကိုယ်ဟာ ပျော့ခွေစွာအားအင်မဲ့။ အိပ်မပျော်သော်လဲမျက်လုံးတွေဖွင့်ရခက်ခဲတဲ့ည ........ချန်ထားခဲ့ရက်တဲ့သူကတစ်ချက်ပင်မငဲ့ကြည့်ခဲ့
ဝေးကွာသွားတဲ့နောက်ကျောပြင်ကိုမွန်းကျပ်စွာကြည့်ရင်း ဒုက္ခတွင်းရဲ့လမ်းစကိုငါဟာရှာတွေ့ခဲ့ပြီ။ မပျော်ရွှင်ခြင်းရဲ့သံသရာထဲမှာထပ်ပြီးတော့ပျော်ရွှင်ခွင့်ကိုတောင်းတနေသေးတဲ့ငါ....___________
"စိတ်ငြိမ်သွားအောင်နွေးတာလေးသောက်လိုက်"
"ညဘက်ဆိုကော်ဖီမသောက်တတ်ဘူး"
ဟီဆွန်းကမ်းပေးလာတဲ့ကော်ဖီဗူးကိုဆောနူဖောက်မသောက်ဖြစ်ပဲလက်ဖဝါးနှစ်ဖက်ကြားမှာပဲခပ်နွေးနွေးဖြစ်စေရန်ထားထားလိုက်သည်။ညဉ့်နက်ပိုင်းရဲ့လေစိမ်းကြောင့်ဆောနူပါးများအေးစက်လာသည့်တိုင်ပွဲထဲကိုတော့ပြန်ပြီး၀င်မသွားချင်ခဲ့ပါ။
အပြင်ဘက်မှာခုံတန်းမှာတစ်ယောက်ထဲထိုင်နေခဲ့ပင်မဲ့ဟီဆွန်းကကော်ဖီဗူးနဲ့အတူဘေးကိုပြန်ရောက်လာတော့အပျင်းပြေကာအဖော်ရပြီလို့မှတ်လိုက်သည်။
အခုထိမမိတ်ဆက်ရသေးတဲ့သူတို့နှစ်ယောက်ကအတူတူထိုင်ကာစကားစမြည်ပြောဖို့တော့မျှော်လင့်လျက်ရှိကျသည်။" သိချင်နေတာလေ ခုနကရှောင်လိုက်ရင်ရတာကို
ဘာလို့မီးတွေနားမှာဆက်ရပ်နေတာလဲ အဲ့လောက်လဲမီးမများတဲ့အနေအထားပဲကို။မီးနဲ့ပတ်သတ်ရင်မတော်တဆဖြစ်ဖူးလို့လား""မဖြစ်ပါဘူး ဘယ်ကသာ"
ပေါ့ပေါ့ပါးပါးမဟုတ်သော်လဲဆောနူခပ်လွင့်လွင့်ပြုံးကာဖြေလိုက်သည်။ သူကိုယ်တိုင်တောင်အဲ့အချိန်တုန်းကဘာလို့ရပ်နေမိလဲပြန်မမှတ်မိတာအမှန်။
"တစ်ယောက်ယောက်လာဖို့မျှော်လင့်နေတာနေမှာပေါ့
မဟုတ်ရင်ရှောင်လိုက်မှာပေါ့ကျွန်တော်က""အဲ့တော့ မျှော်နေတဲ့လူကလာလို့လား။ အမြင်မတော်တဲ့သူကပဲ၀င်ဆွဲလိုက်ရတာကို"