Chapter 87

1.6K 195 0
                                    

Unicode

တီဗီနဲ့ဆို ပြင်ပကမ္ဘာကို နားလည်ဖို့ ထပ်တိုးချန်နယ်တစ်ခု ရှိလာမှာဖြစ်ပြီး ဘဝကြီးက အရင်လိုမျိုး ပျင်းစရာကောင်းပြီး ငြီးငွေ့စရာကောင်းနေတော့မှာမဟုတ်ပေ။

ပထမဆုံးအကြိမ် ကျရှုံးပြီးနောက်မှာ လီရှောင်းက ထပ်မကြိုးစားချင်တော့ဘူး။

သူမက ချိုသာစွာ ပြုံးပြီး လက်အုပ်ချီကာ လော့ချယ်ကို ပြောလိုက်တယ်။ "ခေါင်းဆောင် ကျေးဇူးပြုပြီး နောက်ပိုင်း ကျွန်မ အဲ့ဒါကို လုပ်နိုင်မှာမဟုတ်ဘူး"

လော့ချယ်က အသံတီးတိုးပြုလိုက်တယ်။

ရွာက မကြီးဘူး။ ဒီတော့ သူတို့ရဲ့အိမ်တွေက တစ်အိမ်နဲ့တစ်အိမ် ကပ်လျက်ရှိကြတယ်။ အဘွားအိုအိမ်ကို ဖြတ်သွားပြီးနောက် သူတို့အုပ်စုက သက်ကြီးရွယ်အိုလင်မယားနှစ်ယောက်ရဲ့ အိမ်တံခါးဝကို ရောက်သွားကြတယ်။

ဆံပင်ဖြူနေတဲ့ သက်ကြီးရွယ်အိုသုံးယောက်ကို တယောက်ပြီး တယောက်တွေ့ရပြီးနောက် showအဖွဲ့သားတွေက ချဲ့ကားပြောတာ မဟုတ်ဘူးဆိုတာ သူတို့သိလိုက်ရတယ်။ ဒီရွာက လူငယ်တွေနဲ့ လူလတ်ပိုင်းတွေက အလုပ်ထွက်လုပ်ပြီး ငွေသွားရှာကြတာကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေသာရှိတဲ့ ရွာတစ်ရွာပင်။

ဒုတိယတခေါက်မှာ လော့ချယ်က သူကိုယ်တိုင်သွားခဲ့တယ်။

သူက သက်ကြီးရွယ်အိုလင်မယားဆီကို အပြစ်ပြောစရာမရှိတဲ့ ယဉ်ကျေးရည်မွန်မှုနဲ့ ပြုမူဟန်တို့နဲ့အတူ ကြော့ရှင်းစွာ လျှောက်သွားခဲ့တယ်။

သူက သူတို့ကို အရင်ဆုံး နှုတ်ဆက်လိုက်ပြီးနောက် တရုတ်နံနံနဲ့ဖလှယ်ဖို့အတွက် သကြားလုံးကို အသုံးပြုချင်ပါတယ်လို့ ပြောခဲ့ပေမယ့် သူအဲ့လိုပြောပြီးသွားတာနဲ့ အဖိုးအိုက သူ့ကိုကြည့်လိုက်ပြီး အေးစက်စွာနဲ့ တိုက်ရိုက်ငြင်းလိုက်တယ်။"မရဘူး"

အဘွားအိုကလည်း အံ့အားသင့်နေတဲ့လေသံနဲ့ ပြောလာပြန်တယ်။ "လူငယ်တွေ သူတို့စိတ်ထဲမှာ ဘာတွေတွေးနေလဲ မသိဘူး တရုတ်နံနံလက်တစ်ဆုပ်စာအတွက် သကြားလုံးတစ်လုံးတဲ့ ဒီလောက်စျေးပေါတဲ့ အရာက ဒီကမ္ဘာမှာ ဘယ်လိုရှိနိုင်မှာလဲ"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now