Part;1🍒

383 61 20
                                    

ဒိုင်း.!!! ဒိုင်း.!!!!

မြေပြင်ပေါ်သွေးအလိမ်းလိမ်းနဲ့ဇီဝိန်ချုပ်သွားရှာတဲ့အလောင်းတစ်လောင်း။ ရှပ်အင်ကျီအဖြူကို တံတောင်ဆစ်ထိတင်ခေါက်ထားသောကြောင့် အစိမ်းရောင်သွေးကြောတို့အပြိုင်းပြိုင်းထင်းနေသည်မှာ ယောကျာ်းပီသလွန်းလှသည်။ စီးကရက်တစ်လိပ်ကိုမီးညှိကာ အငွေ့တဖွားဖွားနှင့်ဖွာနေသည်မှာ ဆွဲဆောင်မှုရှိလို့နေပြန်သည်။

မှင်သေသေနှင့်အေးစက်စက်အကြည့်တို့ဖြင့် မြေပြင်ပေါ်ကလူသေအလောင်းအားတစ်ချက်ကြည့်ပြီး..

" ဒီကောင်ကဘယ်ဂိုဏ်းကလဲ.?"

" ကျားသစ်နက်ဂိုဏ်းကပါခေါင်းဆောင်..!!"

" အော်~ ကလေကဝဂိုဏ်းကပဲ.!!"

အေးစက်စက်အသံတို့က ကြားရသူတိုင်းအဖို့ကြက်သီးထစရာပင်ကောင်းလှပေသည်။ ထို့နောက် လက်ထဲကစီးကရက်ကိုမြေပြင်ပေါ်ပစ်ချလိုက်ပြီး ခြေထောက်နှင့်တစ်စစီဖြစ်အောင်ဖိချေကာ..

" မနက်ဖန်ငါသတင်းကောင်းကြားချင်တယ် V.!"

ခေါင်းဆောင်ပြောတဲ့စကားကိုနားလည်တာမို့ သူခေါင်းငုံ့ကာ..

" ဟုတ်ကဲ့ ခေါင်းဆောင်.!!"

Black J ဂိုဏ်းနဲ့ငြိတဲ့ဘယ်ဂိုဏ်းမဆို ဘယ်သောအခါမှ အဆုံးအသတ်မလှပေ။ အမြဲတမ်းအဖြစ်ဆိုးနဲ့ပဲနိဂုံးချုပ်သွားရတတ်သည်။

လူငယ်ပီပီသွက်လက်ဖျက်လတ်လျင်မြန်တဲ့ခေါင်းဆောင်ရဲ့ဂုဏ်သတင်းက မြေအောက်လောကသားတွေကြားနာမည်ကြီး‌ေပသည်။ Black J ဂိုဏ်းဟာအင်အားအတောင့်တင်းဆုံးဖြစ်သလို အာဏာပါဝါပါကြီးတာကြောင့် တော်ရုံလူလာမထိရဲကြ။

ခုလည်း မနေ့တစ်နေ့ကမှပေါ်လာတဲ့ဂိုဏ်းအသစ်တော့နောက်ရက်နေထွက်တာကိုမြင်ဖို့အခွင့်မရှိတော့ပေ။

ထိုစဉ် ဝင်လာတဲ့ဖုန်းကြောင့် သူခေါင်းဆောင်ကိုပေးလိုက်သည်။

" ပြော..!"

" #&$#&&$$ "

" ငါ့ဆီကအမိန့်ကိုစောင့်နေသေးတာလား.!! "

"$-$$&_$"

" မင်းကိုငါ့ညာလက်ရုံးအဖြစ်ထားထားတာအလကားမဟုတ်ဘူးနော် JK.!!"

အမုန်း၏အခြားတစ်ဖက်..Where stories live. Discover now