Part;5🍒

257 40 6
                                    

Seokjin တစ်ယောက် ဒီနေ့ပံုမှန်ထက်ပိုစောပြီးနိုးနေခဲ့သည်။ ဘာဝတ်ရမလဲဆိုတာကိုရွေးနေခဲ့တာလည်း ခုဆိုတစ်နာရီနီးပါးကြာမြင့်နေချေပြီ။ အမြဲ သပ်သပ်ရပ်ရပ်သန့်သန့်ရှင်းရှင်းနေတတ်တဲ့လူက အခုတော့အခန်းတွင်းမှာအဝတ်အစားတွေနှင့် ရှုပ်ပွလို့နေချေပြီ။

နောက်ဆုံးရွေးချယ်ခဲ့တာကတော့ အဖြူရောင် shirt နဲ့ မိုးပြာရောင်jean pantတစ်ထည်သာ။ အဝတ်လဲပြီး lavender ရေမွှေးလေးကိုတစ်ချက်နှစ်ချက်လောက် လည်ပင်းနဲ့လက်ကောက်ဝတ်တွေမှာဆွတ်လိုက်သည်။ ထို့နောက် အညိုရောင်ဆံသားတို့အား နှဖူး‌ေပါ်ခပ်အုပ်အုပ်လေးဝဲကျစေလိုက်သည်။  မှန်ထဲမှာ ပြီးပြည့်စုံနေတဲ့ ကိုယ့်ပုံရိပ်ကို ကျေကျေနပ်နပ်ကြီးတစ်ချက်ကြည့်ပြီး လက်ကနာရီကိုငုံ့ကြည့်လိုက်ပါသည်။

7:40 AM...

အင်း မစောတော့ဘူးပဲ~

Seokjin အခန်းပြတင်းပေါက်နားသွားပြီး အဖြူရောင်လိုက်ကာစလေးကိုအနည်းငယ်ဖယ်လိုက်သည်။ ပြီးနောက် အိမ်ရှေ့ကိုကြည့်လိုက်တော့ မရောက်လာသေးတာကြောင့် စိတ်ထဲခုသွားရသည်။

သူကများ over ဖြစ်နေတာလား.?

လူသတ်ကောင်က သူ့ကိုစနောက်ပြီးပြောခဲ့တာလား.?

ဘာပဲဖြစ်ဖြစ် ခုလိုပြင်ဆင်ထားတာ သူ့ကြောင့်မဟုတ်ဘူး.!
ဒီနေ့ အ‌ေစာနိုးနေလို့ အချိန်တွေအများကြီးရနေလို့ ပြင်ထားတာ.!! ဟုတ်တယ် .. ငါကအမြဲဒီလိုပြင်နေကျပဲ !!

မကြာပါအိမ်‌ေရှ့ကကားသံကြောင့် သူ့ခေါင်းဟာထောင်ခနဲ။

နည်းနည်းတော့မူရဦးမယ်မလား.?
ချက်ချင်းဆင်းသွားရင် သိက္ခာရောမာနရောထိခိုက်တယ်..!!

သူတစ်ယောက်တည်းအတွေးနစ်နေစဉ်မှာပဲ...

တူ.. တူ...

Seokjin night stand ပေါ်ကဖုန်းလေးကို ကိုင်လိုက်ပြီး ပြတင်းပေါက်မှန်က‌ေနတစ်ဆင့် ကားအနက်ရောင်လေးကိုလှမ်းကြည့်နေလိုက်သည်။

" ကျွန်တော်ရောက်ပြီနော်..~"

" အင်း.! ငါမပြီးသေးဘူး.!!"

" အင်း! အေးဆေးလုပ် ကားထဲကစောင့်နေမယ်.!"

လူသတ်ကောင်ရဲ့အသံက သိသိသာသာချိုသာလို့နေပါသည်။ ကြာကြာသာနားထောင်ရင် သူ့စိတ်တွေပြောင်းသွားလေမလားပဲ.?

အမုန်း၏အခြားတစ်ဖက်..Where stories live. Discover now