Part;4🍒

205 40 9
                                    

" အဟင်း~"

တိုးညှင်းညှင်းရယ်သံက သဘောကျလို့ရယ်နေခြင်းဖြစ်သည်။
ဖုန်းဝင်လာတော့ တမင်သူကိုယ်တိုင်မကိုင်ပဲ ဘေးနားက Jk ကိုသာကိုင်စေပြီး စပီကာလည်းဖွင့်ထားစေလိုက်သည်။ တစ်ခါမှသူ့ဆီကိုဖုန်းမခေါ်ဖူးတဲ့လူက ခုလိုဖုန်းခေါ်လာတော့သူတစ်မျိုးပျော်သွားရပြန်သည်။

အလိုမကျအသံလေးက သေချာပေါက်သူ့ကိုစိတ်ဆိုးနေတာပင်..

Jimin တစ်ယောက် အ‌ေတွးတွေနဲ့ပျော်နေတုန်း..

ဒေါက် .. ဒေါက်..!!

" ဝင်ခဲ့.!!"

ဝင်လာသူက V ဖြစ်သည်။ Jimin V ကိုတစ်ချက်သာကြည့်လိုက်ပြီး laptop ဆီအာရုံပြန်စိုက်ကာ..

" ဘာဖြစ်လို့လဲ.?"

Laptop ပေါ်ပြေးလွှားနေတဲ့လက်ချောင်းတွေကရပ်တန့်သွားခြင်းမရှိပဲ ပေါ့ပါးမြန်ဆန်လျှက်။V ခေါင်းဆောင်ကိုအရိုအသေပေးလိုက်ပြီး..

" Mr.Lee က ခေါင်းဆောင်နဲ့တွေ့ချင်တယ်လို့ပြောနေပါတယ်..!"

ထိုစကားအဆုံး Jimin ရဲ့မျက်ခုံးအစုံတို့ဟာ သဘောမကျစွာတွန့်ချိုးကုန်သည်။
Mr.Lee ဆိုတာက သူတို့နဲ့ပြိုင်ဘက်တစ်ဦးပင်။ ပြောရမယ်ဆိုရင် နဂါးမဟုတ်ပဲအမောက်ထောင်ပြချင်တဲ့အလကားပေါက်လွတ်ပဲစားလူသာသာ သာဖြစ်သည်။

" သူနဲ့တွေ့စရာဘာအကြောင်းမှမရှိဘူး.!"

" ဟုတ်ကဲ့ သဘောပေါက်ပါပြီခေါင်းဆောင်.!"

V လည်း ခေါင်းဆောင်ကိုချက်ချင်းအရိုအသေပေးပြီးထွက်သွားတော့သည်။

Jimin လက်ညှိုးနဲ့လက်မကိုပွတ်သပ်ပြီး တစ်ခုခုကိုတွေးတောနေလျှက်။

ဘာကိစ္စမို့သူ့ကိုတွေ့ချင်ရတာလဲ.?

တူ..တူ..

ဝင်လာတဲ့ဖုန်းတစ်ခုကြောင့် Jimin အသိဝင်လာခဲ့သည်။ Jk ကိုသာပေးကိုင်လိုက်ပြီး နားစွင့်နေလိုက်သည်။

" ဟုတ်ကဲ့ သခင်ကြီး.!"

" Jimin ရှိလား.?"

Jk တစ်ယောက် ချက်ချင်း Jimin ကိုကြည့်လိုက်တော့ မျက်လုံးနှင့်အချက်ပြတာကြောင့်..

အမုန်း၏အခြားတစ်ဖက်..Where stories live. Discover now