"ရောက်ပါပြီ..!"
Jk တစ်ယောက် ခြံဝန်းမကျဉ်းမကျယ်လေးရဲ့အိမ်ရှေ့မှာကားထိုးရပ်လိုက်ရင်းပြောလိုက်သည်။Seokjin တစ်ယောက်မလှုပ်မယှက်နှင့် သူ့စကားကိုကြားပုံမပေါ်။ ထို့ကြောင့် သူပြန်ပြောဖို့ပြင်လိုက်ပါသည်။
" ဟို..ဆင်းလို့ရပါပြီ..ခေါင်းဆောင်ကတော်! အဲ...!!"
သူ့စကားကို ထိုလူကကြားသွားပုံပင်။ မျက်လုံးစိမ်းစိမ်းနှင့်ကြည့်လာသည်။
" ငါ့နာမည်ခေါင်းဆောင်ကတော်မဟုတ်ဘူး.!! Kim Seokjin..!"
" အ..ဟုတ်ကဲ့ Seokjin shii~"
ထိုအခါ Seokjin က Jk ကိုတစ်ချက်ကြည့်ပြီးဘာမှတော့ပြန်မပြော။ ကားပေါ်ကဆင်းသွားကာ အိမ်ထဲသို့ဝင်သွားေပသည်။
" ခေါင်းဆောင်သဘောကျတဲ့လူကလည်းခေါင်းမာလိုက်တာလွန်ရော..!"
Jk တစ်ယောက်တီးတိုးရေရွတ်ကာ သပ်ပြင်းတစ်ချက်ချလိုက်သည်။ ထိုစဉ် ဝင်လာတဲ့ဖုန်းကြောင့် ချက်ချင်းကိုင်လိုက်သည်။
" ခုပဲအိမ်ထဲကိုဝင်သွားပါတယ်ခေါင်းဆောင်.."
" အင်း.! မနက်ဖန်ကစပြီး သူ့ကိုစောင့်ကြည့်ဖို့မင်းကိုတာဝန်ပေးလိုက်ပြီ.!"
" ဗျာ.?"
သူဘာရယ်မဟုတ်ကြောင်အသွားသည်။ ပုံစံကြည့်ရတာခေါင်းမာပြီးခပ်စွာစွာရှိမည့်ပုံ။ သူသာစောင့်ကြည့်နေတာကိုသာသိသွားရင် သူတော့ဆေးရုံကိုမလွဲဧကန်သွားရပေလိမ့်မည်ပင်။ လူဆယ်ယောက်လောက်ကိုအေးဆေးသတ်နိုင်ပေမယ့် ခေါင်းဆောင်ရဲ့ကောင်လေးကိုတော့ သူအနည်းငယ်ကြောက်မိသည်။ အဲ့လူက ခေါင်းဆောင်ရဲ့ကောင်လေးမဟုတ်ပါလား.???
" ဘာအဆင်မပြေလို့လဲ..!Jk ..!!"
"အာ..ဟို မဟုတ်ပါဘူးခေါင်းဆောင် ကျွန်တော်ကဒီတိုင်းခေါင်းဆောင်ကောင်လေးကိုလွှတ်ထားမယ်ထင်လို့ပါ.."
ထိုစကားကြောင့် Jimin သဘောကျစွာပြုံးမိသွားသည်။
ခေါင်းဆောင်ကောင်လေး~..
အင်း နားထောင်လို့ကောင်းတယ်..!!" အင်း ငါသူ့ကိုလိုက်မလို့.."
" အော်~ဟုတ်ကဲ့ခေါင်းဆောင်.!!ကျွန်တော်သေချာစောင့်ကြည့်လိုက်ပါ့မယ်.."
YOU ARE READING
အမုန်း၏အခြားတစ်ဖက်..
Fanfictionကျွန်တော်အစ်ကို့ကိုတစ်ကယ်ချစ်တာပါ.. Park Jimin မင်းကလူသတ်သမား ..!! ငါမင်းကိုအရမ်းရွံတယ်..!!! Kim Seokjin ခင်ဗျားလေးကို ကိုယ့်အပိုင်ဖြစ်လာဖို့ဘာပဲလုပ်ရလုပ်ရ လုပ်ဖို့ဝန်လေးနေမှာမဟုတ်ဘူး.!! Park Jiyoung