Part 3

73 6 0
                                    

               လွန်ခဲ့တဲ့တစ်နှစ်ကသွယ့်ရဲ့လုပ်ငန်းတွေစတဲ့အချိန်ကိုပြန်သွားရအောင်....

လွန်ခဲ့တဲ့တစ်နှစ်မှာသွယ်ကဦးမျိုးသီဟနဲ့မိတ်ဆွေတွေဖြစ်ခဲ့တာဦးမျိုးသီဟကတော့ဒေါ်ခင်သက်ဦးယောက်င်္ကျားပေါ့

သွယ်နဲ့ဦးမျိုးသီဟကလုပ်ငန်းသဘောအရတွေ့ဖြစ်တယ်။ဒါကိုသူ့မိန်းမကအထင်လွဲတယ်။စွတ်စွဲတာမခံနိုင်တဲ့ဦးမျိုးသီဟကဒေါ်ခင်သက်ဦးကိုကွာရှင်းခဲ့တယ်။ဒေါ်ခင်သက်ဦးထင်တာကသူ့ယောက်င်္ကျားကိုသွယ်က
စနှိုက်တယ်ထင်နေတာ။
ဆိုးတာကသွယ်အခုဖွင့်တဲ့ဆိုင်တွေကိုပါစပွန်ဆာနဲ့ဖွင့်တာဆိုပြီးဒေါ်ခင်သက်ဦးကဒေါ်ဒေါ့်ကိုဦးနှောက်ဆေးလိုက်တယ်။

နောက်ရက်...ယွန်းကသွယ့်ဆီလာတယ်။

"သွယ်အဆင်ပြေရဲ့လား"

"မပြေဘူးငါဒေါ်ခင်သက်ဦးကိုဘယ်လိုရှင်းပြမှသူနားလည်မှာလဲ"

"နင်ဒီကိစ္စကိုဦးမျိုးသီဟကိုပြောပြလိုက်ပါလား"

"မသိဘူးဟာစိတ်ရှုပ်တယ်ဒေါ်ဒေါ့်ကိုဖုန်းဆက်လိုလဲမရဘူးအိမ်လိုက်သွားတော့လဲထွက်မတွေ့ဘူး"

"ဟယ်နင်အချစ်မှိုင်းမိနေတာလား"

"ဟဲ့အော်နင်ကလဲမိတ်ဆွေကောင်းတစ်ယောက်ကိုဘယ်သူကဆုံးရှုံးချင်မလဲ"

"ဟုတ်ပါပီဟယ်နင့်စိတ်တိုင်းကျသာနေပေတော့"

မိုးရာသီတောင်ပြန်ရောက်ပီ။

မိုးစက်လေပြေများကြားကနာကျင်ရတဲ့မျက်ရည်တွေနဲ့အလွမ်းသေသောခါမှ
ရပ်တန့်၏။

သံယောဇဥ်များလျှင်အန္တရာယ်များ၏
သံယောဇဥ်မရှိသော်သံယောဇဥ်ဖြစ်၏။

သွယ်လဲစိတ်ထဲတထင့်ထင့်နဲ့ဖြစ်နေရှာတယ်။သွယ်ဒေါ်ဒေါ့်အိမ်ကိုသွားဖို့ဆုံးဖြတ်လိုက်တယ်။

ဒေါ်ဒေါ်တံခါးဖွင့်လိုက်တော့သွယ်ကိုတွေ့ရတော့...

"သွယ်မင်းဘာလာလုပ်တာလဲ"

"သွယ်ဒေါ်ဒေါ့်ကိုရှင်းပြချင်လို့ဒေါ်ခင်သက်ဦးကသွယ်ရှင်းပြလဲအလကားပဲ"

"ဟုတ်ပါပြီအိမ်ထဲဝင်အုံး ထိုင်လေသွယ် ပြောပါအုံး"

"သွယ်နဲ့ဦးမျိုးသီဟကလုပ်ငန်းသဘောအရခနခနတွေ့ကြတာမှန်ပေမဲ့သွယ်နဲ့သူနဲ့ကဘာစိတ်မှမရှိခဲ့ကြဘူးသူကသွယ့်ကိုအဖေတစ်ယောက်လိုစောင့်ရှောက်ပေးခဲ့တာသူကသွယ့်ရဲ့ကျေးဇူးရှင်ပါ"

နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာWhere stories live. Discover now