တောင်ပေါ်လမ်းလျှောက်ရမဲ့နေရာအရောက်ယွန်းမေသူတစ်ယောက်သွယ့်ကိုစပြန်တယ်။
"သွယ်တစ်ယောက်ကအချစ်ရှိနေတော့ပျော်မြူးနေနိုင်တာပေါ့ငါတို့ကတော့တစ်ယောက်ထဲပေါ့လေ"
"ဟဲ့နင်ကဘာစကားတွေပြောနေတာတုန်း"
"အေးပါအေးပါသိစိတ်ကထိန်းချုပ်မသိစိတ်ကချစ်မိနေတာပဲဖြစ်မှာ"
"နင့်ပါးစပ်လေးခနပိတ်ထားပေး"
"ရှက်သွားပြီကရော်ကရော်"
ဒေါ်ဒေါ်စီးလာတဲ့ဖိနပ်ကအနည်းငယ်မြင့်နေတာကြောင့်လမ်းလျှောက်ရသောနေရာမှဂုန်းဆင်းတစ်ခုတွင်ဟန်ချက်ပျက်သွားသည်။
"အမလေး"
"ဒေါ်ဒေါ်အဆင်ပြေရဲ့လားနာသွားလာဟင်"
"ရပါတယ်နည်းနည်းပေါ့"
"သွယ့်လက်ကိုဆွဲထားနော်"
"အင်း"
"ဒေါ်ဒေါ်"
"ရှင်"
"သွယ်တို့နဲ့ခရီးသွားရတာပျော်လား"
"ပျော်တာပေါ့"
"သွယ်ကလဲဒေါ်ဒေါ်နဲ့ခရီးသွားရတာအရမ်းပျော်တယ်"
တောင်ပေါ်ရောက်တော့နေ့လည်စာစားဖို့သွားကြတယ်။
"ယွန်းမမရေ"
"ရှင့်"
"ဒီမှာပင်လယ်စာဆိုင်ရှိလား"
"ဒီလိုနေရာမှာပင်လယ်စာစားချင်ရင်ပုစွန်ခြောက်ပဲရမယ်ကောင်မ"
"ငါကအကောင်းမေးတာ"
"ငါကဒီမှာမွေးတာမှမဟုတ်တာဘယ်သိမလဲနင်ကဘာလို့လဲအခုစားချင်နေလို့လားနင်ဘယ်တုန်းကပင်လယ်တာကြိုက်သွားတာလဲ"
"ငါကအဲ့လောက်မဟုတ်ဘူးဒေါ်ဒေါ်ကပင်လယ်စာကြိုက်တယ်လေ"
"အေးအေးနင့်မယားအကြောင်းချည်းပဲ"
"တိုးတိုးပြောစမ်းပါ"
တီးတိုးစကားပြောနေကြရာကနေနေ့လည်စာစားကြတယ်။ပျော်စရာအချိန်လေးတွေပေါ့။
ညနေဘက်ဘုရားရင်ပြင်ပေါ်သွားတော့ဒေါ်ဒေါ့်ရဲ့မျက်နှာလေးကြည်လင်နေတာကရင်ခုန်သံတွေပြန်ကြားနေစေတယ်။
သွယ်ကဒေါ်ဒေါ်ကိုပဲစိုက်ကြည့်နေတယ်။
ဒေါ်ဒေါ်ကနှုတ်ခမ်းနီအရောင်နုလေးဆိုးထားတာကအရမ်းလှပနေတယ်။ပြုံးလိုက်ရင်မျက်လုံးမပေါ်တဲ့ထိုအမျိုးသမီး လှပတဲ့ဆံနွယ်တွေနဲ့နွေးထွေးတဲ့အမူအရာဟာခက်ခဲကြမ်းတမ်းတဲ့အတိတ်ကိုမေ့စေတယ်။
ချစ်ခြင်းမေတ္တာဟာပါးစပ်က'ချစ်တယ်'လို့မပြောပဲလဲရင်ထဲကနေသိရှိနိုင်တယ်။
ဒေါ်ဒေါ်ကသိပ်လှတာအထူးသဖြင့်သွယ့်အမြင်မှာပေါ့။ဒေါ်ဒေါ်ကရင့်ကျက်တယ်ထင်ရပင်မဲ့ချစ်စရာပုံစံတွေလဲသူ့မှာရှိတယ်။ဒေါ်ဒေါ့်အကြောင်းပြောရမယ်ဆိုပြောမကုန်ပါဘူး။
သွယ်ကတော့ဒေါ်ဒေါ်ကိုချစ်မိမှန်းမသိချစ်မိနေတယ်။သွယ့်အတွေးထဲမှာဒေါ်ဒေါ်ဘယ်လောက်လှကြောင်းချောကြောင်းတွေရှိနေတယ်။
မင်းကိုမချစ်သင့်မှန်းသိတယ်ဒါပင်မဲ့မင်းကိုပဲအခါခါချစ်မိနေပြန်တယ်။
YOU ARE READING
နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာ
Short Story"ဒေါ်ဒေါ်ကသွယ့်နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာမှာအမြဲရှိတယ်"