သွယ်ဆေးရုံဆင်းပြီး2ပတ်လောက်ကြာတော့ဒေါ်ဒေါ်နဲ့ညစာတူတူစားဖို့သွယ့်စားသောက်ဆိုင်ကိုချိန်းလိုက်တယ်။
စာသောက်ဆိုင်ရောက်တော့...."သွယ်အခုခင်သက်ဦးကလဲနားလည်ပေးလိုက်ပြီသူကသူ့ ယောက်င်္ကျား ကိုတောင်ပြန်တောင်းပန်လိုက်တယ်တဲ့"
"ဘာပဲဖြစ်ဖြစ်အကောင်းဆုံးတွေဖြစ်ဖို့ဆိုးရွားခဲ့ကြတာပဲ"
"ဒါပေါ့အခုရောမင်းမှာရှင်သန်ရမဲ့အကြောင်းပြချက်ရှိပြီလား"
"အင်းရှိပြီ"
"ဘာတဲ့လဲ"
"သေချာပေါက်ဒေါ်ဒေါ်ပဲပေါ့"
"ဟင်ဘာလို့လဲ"
"ရှင်သန်နေသမျှကာလပတ်လုံးဒေါ်ဒေါ့်အပြုံးလေးတွေမြင်ရဖို့ကအကောင်းဆုံးအကြောင်းပြချက်ပဲလေ"
"တကယ်ကလေးလေးကြနေတာပဲ"
"သွယ်ကဒေါ်ဒေါ့်ကိုပုံပြင်တွေထဲကမင်းသမီးလိုမျိုးဖြစ်စေချင်တာ"
"ဘယ်လိုမင်းသမီးမျိုးလဲပြောပါအုံး"
"လိုချင်တဲ့အရာအားလုံးကိုစိတ်ထဲကတောင်းတယုံနဲ့ရတဲ့မင်းသမီးမျိုးဒါပင်မဲ့သွယ်ကဒေါ်ဒေါ်လိုချင်တာဖြစ်ချင်တာကိုသွယ်ကပဲလိုက်ဖြည့်ဆည်းပေးချင်တာဒေါ်ဒေါ်သာလိုချင်မယ်ဆိုရင်သွယ့်အသက်ကိုလဲပေးမှာ"
"သွယ်ကလေတကယ်အတတ်ကလေး"
"သွယ်ကအရင်ကဒီလိုမဟုတ်ဘူး"
"ဟင်သွယ်ကအရင်ကဘယ်လိုလဲ"
"သွယ်ကအရင်ကမာနကြီးတယ်12နှစ်လောက်ထဲနဲ့ကိုယ့်ဘဝကိုတစ်ယောက်ထဲရပ်တည်ခဲ့တော့ဘယ်သူ့ကိုမှမလေးစားဘူး"
"စပ်စုတယ်မထင်နဲ့နော်သွယ့်မိဘတွေက...."
"ဟုတ်တယ်သွယ်ငယ်ငယ်ထဲကဆုံးသွားကြတာသွယ်ကခုနှစ်တန်းလောက်ထဲကပေါ့"
"သွယ်ကတော်တာပေါ့"
"မတော်ပါဘူးမိဘအမွေနဲ့စီးပွားဖြစ်နေတာ"
"သွယ်တော်တယ်ဆိုတာသွယ်တစ်ယောက်ထဲရပ်တည်နိုင်တာကိုပြောတာသွယ်"
"ဒေါ်ဒေါ့်အကြောင်းပြောပြပါလား"
"ဒို့ကအရင်ကတည်းကစီးပွားရေးလုပ်လာတာမိဘတွေကတော့မရှိကြတော့ဘူး"
YOU ARE READING
နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာ
Short Story"ဒေါ်ဒေါ်ကသွယ့်နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာမှာအမြဲရှိတယ်"