ခရီးကပြန်လာပြီးလပိုင်းအကြာအထိမတွေ့ဖြစ်ကြဘူး။သွယ်ရောဒေါ်ဒေါ်ရောကတစ်ယောက်ကိုတစ်ယောက်လွမ်းနေတယ်။
သွယ့်ဘက်မှာတော့ဒေါ်ဒေါ့်အကြောင်းတွေတွေးမိတိုင်းရင်ခုန်သံတောင်ပြန်ကြားရတဲ့အထိပဲ။ဖုန်းဆက်ပဲစကားပြောဖြစ်တော့သွယ့်မှာလဲလွမ်းနေရရှာတယ်။ချစ်ပါတယ်လို့သွယ်မဝန်ခံပင်မဲ့သွယ်ကချစ်မိနေပြီ။သွယ့်စိတ်ထဲမှာကြောက်တဲ့အရာတွေပိုများလာတယ်။
"ဖွင့်ပြောလိုက်ရင်သူမုန်းသွားမလား"
"ပတ်ဝန်းကျင်ကသူ့ကိုကဲ့ရဲ့မလား"
"သူဂုဏ်သိက္ခာကိုထိခိုက်နိုင်မလား"
"ငါ့ကိုသူအထင်လွဲသွားမလား"
မေးခွန်းတွေကသွယ့်စိတ်ကိုသတ်နေတယ်အဲ့အချိန်မှာယွန်းမေသူဆီကဆက်တဲ့ဖုန်းသံကြောင့်လန့်သွားတယ်။
"Hello"
"အေးပြောယွန်းမမဘာပြောပြောမလို့လဲ"
သွယ်ဘာလို့ယွန်းမေသူကိုယွန်းမမလို့ခေါ်ရလဲပြောပြပါမယ်။ယွန်းမေသူကအသက်18အရွယ်မောင်လေးကိုကြိုက်နေတာဖြစ်ပြီးသူကမမတအားဖြစ်ချင်တာကြောင့်ယွန်းလို့ခေါ်ရကနေလျှာရှည်ပြီးမမယွန်းမဟုတ်တဲ့ယွန်းမမလို့ခေါ်လိုက်တာပါ။
"နင့်မယားလေ"
"ဟမ်ဘယ်ကမယားလဲ"
"ဒေါ်ဒေါ်ကိုပြောတာ"
"ဟာသူကငါ့မယားမှမဟုတ်တာ"
"ဟုတ်ဟုတ်မဟုတ်ဟုတ်နင့်မယားပဲ"
"ပြောမှာသာပြောမရှည်နဲ့"
"ဒေါ်ဒေါ့်ကိုအရမ်းခန့်တဲ့လူကြီးတစ်ယောက်နဲ့တွဲတွေ့ခဲ့တယ်"
"အဲ့တော့"
"အဲ့တာအကြောင်းမဟုတ်ဘူးဒေါ်ဒေါ်ကသူ့ကိုသဘောကျပုံမရဘူးခါးခါးသီးသီးပုံစံငါ့ကိုမြင်တော့ဝမ်းသာသွားပြီးအလုပ်ကိစ္စအတွက်ဆွေးနွေးဖို့ချိန်းထားတာလို့အဲ့လူကိုပြောပြီးထွက်လာတာ"
"အဲ့လူကဘယ်ကလဲနင်သိခဲ့လား"
"မသိဘူးဟအဲ့လူကပြောသေးတယ်ညနေမှလာခဲ့မယ်တဲ့"
"နင်အဲ့တာစောစောကပြောပါလားငါအခုဒေါ်ဒေါ့်အိမ်ကိုလိုက်သွားအုံးမယ်"
YOU ARE READING
နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာ
Short Story"ဒေါ်ဒေါ်ကသွယ့်နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာမှာအမြဲရှိတယ်"