Ep-1

646 44 4
                                    

ကျွန်​တော်ရဲ့နာကျင်မှု​လေးက'အကို'တဲ့
ပူမှန်းသိရက်နဲ့ပိုးဖလံ​လေးမီးထဲတိုးသလိုကျွန်​တော်ဟာလဲနာကျင်​နေမှန်းသိရက်နဲ့ဆက်ချစ်မိပါသတဲ့

ငယ်​ငယ်​လေးထဲကအကို့ရဲ့အပြုံး​တွေအကြည့်​တွေအထိအ​တွေ့​တွေအပြုမူ​တွေကိုပိုင်ဆိုင်ချင်ခဲ့တာဒါ​ပေမဲ့ဖြစ်မှမဖြစ်နိုင်ပါဘဲ
အကိုဟာကျွန်​တော်ကလွဲရင်အကုန်လုံးကိုအချစ်​တွေ​ပေးချင်​နေသူ​လေ

ဖွင့်မ​ပြောဘူးလား​မေးရင်ဖွင့်​ပြောဘူးတာ​ပေါ့...

တစ်ဆယ့်​ခြောက်နှစ်...အင်း...အဲ့ချိန်တုန်းကအရဲစွန့်ပြီးဖွင့်​ပြောခဲ့ဘူးတယ်။အကိုဟာငြင်းခဲ့တယ်။
'အ​နေနီးလို့စိတ်ယိုင်တာပါgemiကငယ်​သေးတယ်'တဲ့​လေ။

အဲ့လိုမဟုတ်မှန်း​အတင်းကာ​ရော​ပြောမိ​တော့အကိုက
'ဒါဆိုမင်းနဲ့အကိုတို့ဆက်ဆံ​ရေးပျက်ဆီးသွားလိမ့်မယ်'တဲ့။

ဟင့်အင်း..အဲ့လိုမရပါဘူး။ကျွန်​တော်မှအကိုနဲ့မခွဲနိုင်တာ။အကို့ကိုအတင်းဖက်ပြီး
'အကိုလိုပဲချစ်တာပါ'လို့​ပြောမိတယ်။ရင်ဘတ်ထဲကနာကျင်မှုကိုမျက်ကွယ်ပြုရင်း​ပေါ့

အကိုဟာ​ယောက်ကျား​လေး​ရောမိန်းက​လေးပါ​ကြွေတဲ့typeပါ။ချစ်ဖို့လဲ​ကောင်းသလိုတစ်ဆက်ထဲခပ်မိုက်မိုက်ပုံစံ​လေးနဲ့​ပေါ့...
​ကျောင်းမှာဆိုစာ​တော်တဲ့ချစ်စရာ​ကောင်လေးဆိုပြီးနာမည်ကြီးပြီးclub​တွေbar​တွေမှာကျခပ်မိုက်မိုက်​ကောင်​လေးဆိုပြီးနာမည်ကြီးသတဲ့

ကျွန်​တော်ဟာအကို​နောက်အမြဲ​လျောက်လိုက်​နေတဲ့​​ကောင်​လေးပေါ့စိတ်မချလို့ဆိုတဲ့အကို့အ​မေအ​ပြော​အောက်မှာအကိုဘယ်​နေရာသွားသွားကျွန်​တော်လိုက်ရစမြဲပါ။

​ကျောင်းမှာဆိုအဆင်​ပြေ​ပေမဲ့club​တွေbar​တွေမှာကျသိပ်အဆင်​မ​ပြေချင်ဘူး​လေအဲ့ချိန်ကျအကိုနားမိန်းမလှ​လေး​တွေဟာပျားပိတုန်း​လေး​တွေလိုဝဲ​နေတတ်တယ်။

အကိုဟာမိန်းမလှ​လေး​တွေရဲ့​ပေါင်​တွေ၊ကာမပိုင်မဟုတ်ဘဲမထိသင့်တဲ့​နေရာ​တွေကိုပွတ်သတ်ပြီး၊နှုတ်ခမ်း​နဲ့လည်ပင်းတွေကိုကျွန်​တော်​ရှေ့မှာနမ်းပြ​နေတာကိုကြည့်​နေရတဲ့နှလုံးသားကနာကျင်မှုကိုဘာနဲ့​ဖော်ပြလို့​ဖော်ပြရမှန်းမသိ​ပေ

One side loveWhere stories live. Discover now