Ep-2

296 33 2
                                    

မနက်ပိုင်းနိုးလာ​တော့လဲအမူးသမား​လေးကိုအမူး​ပြေဟင်းရည်လုပ်​ပေးရပြန်တယ်။

အကိုဟာဆံပင်ကိုလှန်တင်မထားဘဲဒီတိုင်းအိပ်ရာနိုးစပွ​ယောင်း​ယောင်းဆံပင်​လေးနဲ့အခန်းထဲက​နေထမင်းစားခန်းထဲခုန်ဆွခုန်ဆွ၀င်လာ​လေရဲ့
ပြီး​ပြောလာပုံက

"အကိုကgemiရဲ့အမူး​ပြေဟင်းရည်မ​သောက်ကရင်အမူးလုံး၀မ​ပြေဘူး"တဲ့​လေ
အဲ့လိုစကား​လေး​တွေနဲ့အကိုဟာချုပ်တတ်ပါ​သေးတယ်။

အခု​တော့အကိုဟာဆိုဖာ​ပေါ်မှာLaptopတစ်လုံးနဲ့​ကျောင်းက​ပေးတဲ့projectကိုအာရုံစိုက်ကာလုပ်​နေ​ပါတယ်။

အကိုအဲ့လိုတစ်ခုခုကိုအာရုံထားပြီး​လေး​လေးနက်နက်လုပ်​နေတဲ့အချိန်ဆိုသိပ်တည်ကြည်ပြီးခန့်ညား​နေတာပဲ။​ဘေးတစ်​စောင်းမြင်​နေရတဲ့အကို့​မေးရိုးဟာသိပ်​ယောက်ကျားဆန်တာပဲ။

ဆိုဖာ​ပေါ်မှာထိုင်​နေတဲ့အကို့ကို​အောက်က​မွေးပွ​ကော်​ဇော​ပေါ်မှာစာထိုင်လုပ်​နေတဲ့ကျွန်​တော်ဟာလက်​ပေါ်​မေးတင်ကာပယ်ပယ်နယ်နယ်ထိုင်ကြည့်ပါ​တော့သည်။

ဒါကိုသိတဲ့အကိုဟာ
"ဘာလို့ကြည့်​နေတာလဲ။အကိုစာရှင်းပြဖို့ရှိလို့လားgemi"

"မဟုတ်ပါဘူး။အကိုက​ချောလို့ကြည့်တာ။​ချောတယ်ဆိုတဲ့စကားလုံးကအကို့အတွက်သီးသန့်​ဖော်ပြထားသလိုပဲ"

"အဟားgemiတို့​တော့အကို့ကိုဖား​နေပြီးဘာလိုချင်လို့လဲ​ပြောပါအုံး"
​ခေါင်း​လေးကိုလှမ်းဖွပြီးရီလျက်​ပြောလာ​သောအကိုပါပင်

"ဘာမှမဖြစ်ချင်ဘူးအကို့ရည်းစားပဲဖြစ်ချင်တာ"တမင်မူနွဲ့နွဲ့​လေး​ပြောမိ​​တော့တယ်။

ဒီတစ်ခါအကိုကရုပ်တည်သွားပြီး
"မဖြစ်နိုင်တာကိုမ​ပြောပါနဲ့gemi။ပြီး​တော့မချစ်သင့်တဲ့လူကိုလဲမချစ်မိ​စေနဲ့"

"တကယ်လို့အကိုသာခုချက်ချင်းထ​ပေါက်မဲ့ဗုံး​လေးတစ်လုံးဆိုရင်​တောင်ကျွန်​တော်ကအ​​သေခံပြီးကိုင်ထားအုံးမှာဖြစ်သလိုနာကျင်​နေရင်​တောင်ဆက်ချစ်​နေအုံးမှာမို့မတားပါနဲ့လားအကိုရယ်"

"သိပ်ခက်တာပဲgemiရ"

ထိုစဥ်ဖုန်းသံ၀င်လာ၍နှစ်​ယောက်သားစကားစပြတ်သွား​တော့သည်။အကိုကဖုန်းကိုကိုင်ကာ၀ရန်တာဘက်ထွက်သွားကာဖုန်း​ပြော​တော့သည်။

ကျွန်​တော်လဲလုပ်လက်စစာကိုသာလုပ်​နေလိုက်​တော့သည်။တစ်ချက်တစ်ချက်အကို့ဆီကရီသံသဲ့သဲ့ကြား​တော့ဘာမဟုတ်ကြည့်မိပြန်တယ်။ကျွန်​တော်ဟာအကို့အပြုံး​တွေ​အောက်​နောက်တစ်ကြိမ်ကျရှုံးမိပြန်ပြီ။သိပ်ပြီးအပြုံးလှတဲ့အကို

ချစ်တယ်ဆိုတဲ့စိတ်က​လေးရှိ​နေသ​ရွေ့ကွယ်
နာနာကျင်ကျင်ခိုလှုံ​နေရမယ်ဆိုရင်​တောင်
​ကျေ​ကျေနပ်နပ်ကြီးကို​ခေါင်းညိတ်​နေမိမယ်ထင်ပါရဲ့
သိပ်ချစ်​နေမိလို့မလွတ်​မြောက်ချင်ဘူး
သံ​ယောဇဥ်ဆိုတဲ့ကြိုးဝိုင်းငယ်ထဲ
ကျွန်​တော်ပိတ်မိ​နေချင်​သေးတယ်

"Gemi​ရေအကိုတို့ကမ်း​ခြေသွားကြမလို့လိုက်မလား"

ဖုန်းချပြီးဧည့်ခန်းထဲ​လျှောက်လာသူရဲ့​ပြောစကား
ကျွန်​တော်​တွေးမိသည်။တက္ကသိုလ်တတိယနှစ်​ကျောင်းသား​တွေအဲ့​​လောက်အား​နေတာလားလို့
ပြီးမှအကို့ကိုအ​ဖြေပြန်​ပေးမိသည်​လေ

"လိုက်မှာ​ပေါ့"

"အဲ့ဒါဆိုတစ်​ယောက်အခန်း၂ခန်းလို့ဟို​ကောင်​တွေ​ကို​ပြောလိုက်အုံးမယ်"

"ဟာအကို။နှစ်​ယောက်အိပ်ကုတင်တစ်ခန်းယူမှရမှာ​လေကျွန်​တော်တစ်​ယောက်ထဲအိပ်ရဲတာမဟုတ်တာကိုအကိုသိတာပဲကို"နှုတ်ခမ်း​​ဆူကာ​ပြောမိ​တော့အကိုကခပ်ဟဟရီရင်

"သိပါတယ်ကွ။မင်းကိုစလိုက်တာ။ဒီအရွယ်​ရောက်​နေတာ​တောင်​ကြောက်တုန်း​နော်gemi"အကိုဟာအရီမရပ်ဘဲလှမ်းစ​တော့မျက်​စောင်းထိုးကာ

"ဟွန့်...အကိုကိုမ​ခေါ်​တော့ဘူး"

"​ဟောဗျာ...စိတ်မဆိုးပါနဲ့gemiရာ၊သွားမှာမနက်ဖြန်သွားအ၀တ်​တွေသွားထည့်​​တော့"
စူပုပ်စောင့်​အောင့်ကာအခန်းထဲသို့၀င်လာလိုက်သည်။

အခန်းထဲ​ရောက်မှတံခါးကိုမှီကာ
​ကြောက်တာမဟုတ်ပါဘူးအကို။အကိုနဲ့တူတူအိပ်ချင်လို့ပါ။အကို့ကိုပိုင်သူမရှိ​သေးသ၍အကို့ရင်ခွင်ကိုကျွန်​တော်ခဏခိုလှုံပါရ​စေ
_________________________________________

ဂျီဒါ​လေးကိုနှစ်ရက်တစ်ခါ​လောက်​တော့updateလုပ်​ပေးပါမယ်။သင်တန်း​တွေနဲ့ရှုပ်​နေသူမို့​နေ့တိုင်းupdateမလုပ်နိုင်တာမို့စာဖတ်သူ​လေးတို့နားလည်​ပေးကြမယ်ထင်ပါတယ်ရှင်♡

Vote​ပေးသူတိုင်းနဲ့ဖတိ​ပေးသူတိုင်း​ကျေးဇူးတင်ပါတယ်။
သာယာရွှင်လန်းကြပါ​စေ

#G(ဂျီ)

One side loveWhere stories live. Discover now