Ep-3

257 31 2
                                    

ကျွန်​တော်တို့အခုကမ်း​ခြေကို​​နေ့လည်​လောက်ရောက်လာပါပြီ။ဟိုတယ်မှာအနားယူပြီးည​နေကျမှအပြတ်ကဲကြဖို့တိုင်ပင်ရင်းသက်ဆိုင်ရာအခန်းအသီးသီးဆီပြန်နားကြသည်။

အခန်းထဲ​ရောက်​ရောက်ချင်းကုတင်​ပေါ်ပစ်လှဲရင်း

"အား....ပင်ပန်းလိုက်တာကွာ"

"တစ်လမ်းလုံးကျွန်​တော်​ပေါ်မှီအိပ်လာသူကများ.."

ဟုတ်ပါတယ်။အကိုဟာကား​ပေါ်မှာတစ်ချိန်လုံးကျွန်​တော်ပုခုံး​ပေါ်မှီအိပ်လာသူပါ။ကျွန်​တော်က​တော့အပြုံးမပျက်ဘဲလက်ကျင်​နေတာ​တောင်ဂရုမစိုက်ဘဲအကို့ကိုပဲဂရုစိုက်​နေတာပါ။အကို့သူငယ်ချင်း​တွေက​တော့ကျွန်​တော်ကိုကြည့်ပြီးနှာ​ခေါင်းရှုပ်ကြတယ်။

"အကိုရေအရင်ချိုးမလား။ကျွန်​တော်ခဏနားချင်လို့"

"Gemi​တော့ကားကိုခရီး​ဝေးစီးတိုင်း​ခေါင်းကိုက်တတ်တာခုထိမ​ပျောက်​သေးတာ​နော်။​ရော့...အကို​ဆေးထည့်လာတယ်။မင်းအ​ကြောင်းသိလို့"

"အာ...​ကျေးဇူးတင်ပါတယ်အကို။ကျွန်​တော်​မေ့​နေခဲ့တာ"

"ဟုတ်ပါပြီ။ဒါဆိုခဏနား​တော့"

အကိုဟာ​ပြောပြီး​ရေချိုးခန်းထဲ၀င်သွား​တော့သည်။ကျွန်​တော်က​တော့အကို​ပေးခဲ့​သော​ဆေးထုတ်​လေးကိုင်ကာကိုယ့်​ရောဂါကိုယ်​တောင်​မေ့ပြီး​ပျော်​နေတာ။ဘာမှမဟုတ်တဲ့အရာ​လေး​တောင်အကို့စီ​ကရလို့ထင်ပါရဲ့​ပျော်​နေလိုက်တာများ.....

​ရေချိုးခန်းထဲကထွက်လာ​တော့ကုတင်​ပေါ်မှာက​လေးအနှီးထုပ်သလိုမျက်နှာဘဲ​ဖော်ထားပြီးအိပ်​နေ​သော​ကောင်​လေးစိတ်ပူလို့
အနားသွားကာနှဖူး​ပေါ်လက်တင်ပြီးအဖျားစမ်းမယ်လုပ်မှခါမှ​ရေချိုးပြီးတာသတိရလို့မစမ်းဖြစ်​တော့​ပေ။

အင်္ကျီအမြန်၀တ်​ခေါင်းကို​ရေ​ခြောက်​အောင်​တောင်မသုတ်နိုင်ဘဲထို​ကောင်​လေးနားသွားကာရင်ခွင်ထဲထည့်ဖတ်ထားမိ​သည်။
အ​နွေးဓါတ်​လေးရလို့ထင်ပ။ရင်ခွင်ထဲပိုလို့​တောင်တိုးလာ​တော့သည်။ထို​ကောင်​လေးကိုဖက်ကာအနားယူအိပ်စက်မိ​တော့သည်။

One side loveWhere stories live. Discover now