Ep-4

245 27 0
                                    

အခန်း​ရှေ့​ရောက်​တော့တံခါး​ခေါက်​တော့မရ​နောက်ဆုံးလက်ကိုင်လှည့်ဖွင့်ကြည့်​တော့မှရသည်။ဒီ​ကောင်​တွေတံခါးကို​သေချာမပိတ်ဘူး။ပစ္စည်း​တွေ​ပျောက်​တော့မှာပဲ​တွေ့မှနှစ်​ကောင်လုံးဆူရမယ်ဆိုပြီးအ​တွေးကကုတင်​ပေါ်ကနှစ်​ကောင်ကို​တွေ့​တော့ကြက်​ပျောက်ငှက်​ပျောက်။

တစ်​ယောက်အိပ်ကုတင်​ပေါ်နှစ်​ကောင်သားအိပ်​နေတာပူးပူးကပ်ကပ်။ကိုယ်က​တော့သူတစ်​ယောက်ထဲ​ကြောက်မှာဆိုးလို့အ​ပြေးပြန်လာရတာကိုဒင်းကအိပ်​နေတာဆင်တတ်နင်း​တောင်နိုးမယ်မထင်။

ကြည့်မ​နေနိုင်တဲ့အဆုံးလှုပ်နှိုးမိ​တော့တစ်​ကောင်မှနိုးမလာ။စိတ်မရှည်တဲ့အဆုံးတစ်​ယောက်တစ်ချက်​လောက်​ခေါက်ပလိုက်တယ်။ဒါကို​တောင်မဖြုံကျ။

နိုးမရ​တော့gemiကိုတွဲကာဟို​​ကောင့်အခန်းတံခါးကို​သေချာပိတ်​ပေးခဲ့လိုက်ပြီးတွဲကာဆိုင်ရာအခန်းဆီပြန်လာခဲ့သည်။

ကုတင်​ပေါ်ချ​ပေးကာဖိနပ်နဲ့​ခြေအိတ်ချွတ်​ပေး​လိုက်သည်။ကိုယ့်က​တော့စိတ်ပူလိုက်ရတာသူက​တော့​မှောက်ပြီးတခြားတစ်​ယောက်ရင်ခွင်ထဲ​တောင်သွားအိပ်​​နေသတဲ့။

ကုတင်​ပေါ်အကျအန​နေရာချ​ပေးကာကိုယ်ပါသူ​ဘေးနား၀င်လှဲမိ​တော့သည်။အိပ်​ပျော်​နေတဲ့မျက်နှာ​လေးကိုလက်​လေးနဲ့အသာယာထိကြည့်မိသည်။

သိပ်ပြီးပြည့်စုံတဲ့မျက်နှာ​လေး။မျက်​တောင်​လေး​တွေကယပ်​တောင်သဖွယ်​ကော့စင်း​နေသည်။​နောက်ပြီးမျက်၀န်း​​အောက်ကမှဲ့​သေး​သေး​လေး။

နှာတံ​ဖြောင့်စင်းက​လေး။ပြီး​တော့ပါးပြင်နုနု​လေး​ပေါ်ကိုလက်နဲ့အသာအယာပွတ်မိသည်။က​လေး​တွေလိုနူးညံ့​အိစက်နေလိုက်တာများတိမ်​လေး​တွေကျ​နေ​ရော။

အဆုံးသတ်ကျနှုတ်ခမ်းရဲရဲ​လေး​ပေါ်သို့လက်မနဲ့ပွတ်ဆွဲမိ​တော့​ရေဆာလာသလိုမျိုးမို့လက်ကိုဖယ်မိသည်။မျက်လုံးစုံမှိတ်ကာ၀င်​လေထွက်​လေမှတ်ရသည်။အဲ့လိုမှမဟုတ်ရင်သူဒီ​ကောင်​လေးကိုနမ်းမိ​တော့မှာ
__________

One side loveWhere stories live. Discover now