ကျွန်တော်ရဲ့နာကျင်မှုလေးက'အကို'တဲ့
ပူမှန်းသိရက်နဲ့ပိုးဖလံလေးမီးထဲတိုးသလိုကျွန်တော်ဟာလဲနာကျင်နေမှန်းသိရက်နဲ့ဆက်ချစ်မိပါသတဲ့ငယ်ငယ်လေးထဲကအကို့ရဲ့အပြုံးတွေအကြည့်တွေအထိအတွေ့တွေအပြုမူတွေကိုပိုင်ဆိုင်ချင်ခဲ့တာဒါပေမဲ့ဖြစ်မှမဖြစ်နိုင်ပါဘဲ
အကိုဟာကျွန်တော်ကလွဲရင်အကုန်လုံးကိုအချစ်တွေပေးချင်နေသူလေဖွင့်မပြောဘူးလားမေးရင်ဖွင့်ပြောဘူးတာပေါ့...
တစ်ဆယ့်ခြောက်နှစ်...အင်း...အဲ့ချိန်တုန်းကအရဲစွန့်ပြီးဖွင့်ပြောခဲ့ဘူးတယ်။အကိုဟာငြင်းခဲ့တယ်။
'အနေနီးလို့စိတ်ယိုင်တာပါgemiကငယ်သေးတယ်'တဲ့လေ။အဲ့လိုမဟုတ်မှန်းအတင်းကာရောပြောမိတော့အကိုက
'ဒါဆိုမင်းနဲ့အကိုတို့ဆက်ဆံရေးပျက်ဆီးသွားလိမ့်မယ်'တဲ့။ဟင့်အင်း..အဲ့လိုမရပါဘူး။ကျွန်တော်မှအကိုနဲ့မခွဲနိုင်တာ။အကို့ကိုအတင်းဖက်ပြီး
'အကိုလိုပဲချစ်တာပါ'လို့ပြောမိတယ်။ရင်ဘတ်ထဲကနာကျင်မှုကိုမျက်ကွယ်ပြုရင်းပေါ့အကိုဟာယောက်ကျားလေးရောမိန်းကလေးပါကြွေတဲ့typeပါ။ချစ်ဖို့လဲကောင်းသလိုတစ်ဆက်ထဲခပ်မိုက်မိုက်ပုံစံလေးနဲ့ပေါ့...
ကျောင်းမှာဆိုစာတော်တဲ့ချစ်စရာကောင်လေးဆိုပြီးနာမည်ကြီးပြီးclubတွေbarတွေမှာကျခပ်မိုက်မိုက်ကောင်လေးဆိုပြီးနာမည်ကြီးသတဲ့ကျွန်တော်ဟာအကိုနောက်အမြဲလျောက်လိုက်နေတဲ့ကောင်လေးပေါ့စိတ်မချလို့ဆိုတဲ့အကို့အမေအပြောအောက်မှာအကိုဘယ်နေရာသွားသွားကျွန်တော်လိုက်ရစမြဲပါ။
ကျောင်းမှာဆိုအဆင်ပြေပေမဲ့clubတွေbarတွေမှာကျသိပ်အဆင်မပြေချင်ဘူးလေအဲ့ချိန်ကျအကိုနားမိန်းမလှလေးတွေဟာပျားပိတုန်းလေးတွေလိုဝဲနေတတ်တယ်။
အကိုဟာမိန်းမလှလေးတွေရဲ့ပေါင်တွေ၊ကာမပိုင်မဟုတ်ဘဲမထိသင့်တဲ့နေရာတွေကိုပွတ်သတ်ပြီး၊နှုတ်ခမ်းနဲ့လည်ပင်းတွေကိုကျွန်တော်ရှေ့မှာနမ်းပြနေတာကိုကြည့်နေရတဲ့နှလုံးသားကနာကျင်မှုကိုဘာနဲ့ဖော်ပြလို့ဖော်ပြရမှန်းမသိပေ