Part {11}

387 13 0
                                    

မှူးပြည့်လည်း ယောင်ထွက်သွားသည့်ပါးစပ်ကိုသာ မေတ္တာပို့မိတော့သည်။

''ဆရာက ဘာပဲဖြစ်ဖြစ် ပြည့်ရဲ့ မွေးစားဖေဖေဆိုတော့ ဒီတိုင်းပြောလိုက်တာ''

''ဟင်းဟင်း..ဘယ်တည်းက အဲ့လိုခေါ်ဖို့စဥ်းစားထားတာလဲ''

''အယ်....မစဥ်းစားပါဘူးနော် ခုမှယောင်ပြီးခေါ်မိသွားတာ''

''အင်းပါ..ထားပါတော့ ဘာလဲ သဝန်တိုနေတာလား''

''.............ဟုတ်..တကယ်လို့ ဆရာကသာ အိမ်ထောင်ပြုသွားရင် ပြည့်က မေမေအသစ်ရသွားမှာပေါ့ မေမေအသစ်က ပြည့်ကိုချစ်ရင်တော်သေး ခုအန်တီရဲ့ပုံစံက အပြင်ကသာချောနေတာ တကယ်တမ်းကပြည့်ကို
သဘောကျပုံမပေါ်ဘူး အဲ့လိုလူမျိုးနဲ့တော့သဘောမတူပါဘူး''

''ဟင်..ငါကမင်းသဘောတူမှ ယူရမှာပေါ့''

''အဲ့လိုတော့မဟုတ်ဘူးလေ ပြည့်ကိုစောင့်ရှောက်နေစဥ်တော့ ပြည့်သဘောပေါ့...ဟဲဟဲ''

''ဟုတ်တယ်...ကိုယ်ကလောလောဆယ်
မင်းဒယ်ဒီမို့ မင်းသဘောမတူတာမလုပ်ဘူး..
အဲ့တော့မင်းကလည်း ကိုယ်မကြိုက်တာမလုပ်ရဘူး..မနေ့ကလိုကိစ္စမျိုး''

ဘယ်ကတည်းက ဒီခွင်(ဂွင်)ကိုစောင့်နေလဲမသိ

''ဆရာကအဲ့ကိစ္စအစာမကြေဖြစ်နေတာကို''

''မဟုတ်ပါဘူး..ထားပါ...နောက်လဆို
ကျောင်းဖွင့်တော့မယ်ဆိုတော့ မင်းကိုယ့်ဆီလာနေမှ ကိုယ်မင်းကို ဆက်ပြောစရာရှိတာပြောတော့မယ်''

''မေမေတို့က လကုန်ကြပြောင်းဖို့ပြင်နေကြပြီ''

''အင်း...ကိုယ်လဲပြင်ရဦးမယ်''

''ဆရာအဲ့ဒါဆို ဒီအတောအတွင်းမတွေ့ရတော့ဘူးလားဟင်''

''နောက်နှစ်မှပဲအိမ်မှာလာနေတော့မယ်...
ကိုယ်ကြုံရင် မင်းအိမ်ဝင်ခဲ့ပါ့မယ်''

ဆရာက နှစ်သစ်ကူးမို့စလိုက်ခြင်း။

မကြာခင်မှာပင် ဆရာတို့ ဘော်ဒါက ကလေးများကို မဏ္ဍပ်တစ်ခုနားတွင်တွေ့ရသည်။
ဦးငယ်ကတော့ ရွှဲရွှဲစိုနေပြီဖြစ်သည်

ဆရာ့တပည့်များက ဆရာ့ကိုမြင်သည်နှင့်
ငြိမ်သွားကြသည်။

''လွတ်လွတ်လပ်လပ်ဆော့ကြပါ ပျော်ပွဲရွှင်ပွဲပဲဟာ''

My beloved TeacherWhere stories live. Discover now