Part{27}

105 6 1
                                    

(ဒီအပိုင်းမှာတော့အတိတ်ကအကြောင်းအရာအကုန်ချပြသွားမှာဖြစ်ပါတယ်)

G11စတက်တက်ချင်းနေ့..

"အားလုံး နှုတ်ဆက်"

မော်နီတာမခန့်အပ်ရသေး၍
ကျောင်းသားအားလုံးနီးပါးက
ပြိုင်တူအော်၍နှုတ်ဆက်ကြသည်
အဲ့ထဲတွင်မှူးပြည့်တော့မပါ
မော်နီတာက အားလုံး လို့သတိပေးလိုက်လျှင်
အတန်းသားများက နှုတ်ဆက် ဟုအစချီ
ဆရာ့အားနှုက်ဆက်ရသည်။
မှူးပြည့်ကတော့ သီးခြားကွဲထွက်စွာ
မင်္ဂလာပါဆရာ ဟူသည့်နေရာမှာသာနှုတ်ဆက်လေ့ရှိသည်။

___________________>>>>__________________

မှူးရွှေစင်ပြည့်က ထိုသို့ထူးခြားသူဖြစ်သည်။
ထူးခြားသည်ဆိုသည်ထက်
ထူးဆန်းသည့်အမူအကျင့်များရှိသည်။
တချို့ကိုပြောရမည်ဆိုလျှင်
မှူးပြည့်ကစွာသည့်လူမျိုးဖြစ်သည်
ငယ်စဥ်ကဆို သူမအသားကိုခွင့်မတောင်းဘဲထိမိသည်နှင့် နင်ဘယ်သူလဲငါဘယ်သူလဲ ဖြင့်စကာရန်ဖြစ်ရတော့သည်။
မှူးပြည့်ကိုရုံးခန်းမှာမတွေ့ရသည့်လမရှိ
တစ်လတစ်ခါအနည်းဆုံးရုံးခန်းသို့အလည်သွားတတ်သည်။ အပျိုဖော်ဝင်လိုက်သည့်အခါမှ
စိတ်လျော့လိုက်ခြင်းဖြစ်သည်။ထိုအထဲတွင်
မျက်နှာနှင့်ဆံပင်မပါ။ယခုထိပင်
သူမကိုခွင့်မတောင်းဘဲ ဆံပင်ထိပါက အနည်းဆုံးတော့မျက်မှောင်ကျုံ့၍
စိုက်ကြည့်နေပေလိမ့်မည်။
ထိုသို့ ထိုသို့ထူးဆန်းသည့်အချက်များကြောင့် မကြာခဏ အထင်လွဲမှုများနှင့်ကြုံရတတ်သည်။

မှူးပြည့် PSR​​ကျောင်းကိုပြောင်းခါစ G10တုန်းကဆိုလျှင် ဆရာအဝင်နှုတ်ဆက်သည်က
ဆရာကနောက်မှဝင်လာသူမို့ကိစ္စမရှိပေမဲ့
ဆရာအထွက်နှုတ်ဆက်လျှင်ကြ မျက်နှာချင်းဆိုင်ဖြစ်နေလေရာ
မှူးပြည့်ကရှေ့ဆုံးကနေမနှုတ်ဆက်သည့်သဘောထင်ရသည်
ဆရာဦးဝေယံရှိန်းအောင်ပင်လျှင်
ထိုထူးခြားချက်ကြောင့် ထိုကလေးမကိုသတိထားမိခြင်း
နောက်မှသာ မင်္ဂလာပါဆရာ ကိုပဲ
ဆိုကြောင်းသိရသည်။

နောက်ထူးခြားချက်မှာ စာအုပ်ကိုနာမည်ထိုးရာတွင်
အတွင်းရှေ့ဆုံးစာရွက်မှာသာထိုးခြင်း
ထိုထူးခြားချက်မှာလည်း
သူမကိုပိုသတိထားမိခြင်းအကြောင်းအရင်းဖြစ်သည်
ဦးဝေယံရှိန်းအောင်က အထက်တန်းပြဖြစ်သည့်အတွက် မှူးပြည့်လိုကျောင်းသူသစ်မှမဟုတ်
အဘယ်ကျောင်းသူကျောင်းသားတစ်ယောက်ကိုမျှမသိပါချေ။
ပထမဆုံးသူမိတ်ဆက်သည့်နေတွင် ကျောင်းသားများကို မိတ်ဆက်ခိုင်းရုံနှင့်မမှတ်မိကျောင်းသားကလည်းတစ်ခန်း၄၀နှုန်းဖြင့်
ဒီကျောင်းမှာပင် စာသင်ခန်း၅ခန်း ဝင်ရသူမို့။
ထို့ကြောင့် သူ၏ဆရာဝန်ဦးနှောက်ကြီးကိုသုံးကာ စာမေးရင်း နာမည်မှတ်ရသည်။
ထိုကလေးမကတော့ စာအုပ်ရှေ့ဖုံးမှာရေးမထားသည်ကထားနာမည်တပ်ရန်listခွဲပေးထားသည့် အတွင်းအဖုံးမှာပါမရေးထား၍ သူ့မှာ စာအုပ်ကိုင်သလိုလိုနှင့်နာမည်တွဲမှတ်လို့မရ ။ စာအုပ်ကိုပါလှန်ကြည့်ရသည်။

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

My beloved TeacherWhere stories live. Discover now