Part{13}

403 13 0
                                    

ဦးဝေယံရှိန်းအောင်ဟာ ခေါင်းနောက်စွာ
နိုးထလာခဲ့သည်

နာရီကြည့်တော့၅ခွဲ
မထူးတော့ပါဘူးဟု ထကာ
ရေချိုးခန်းဝင်လိုက်တော့သည်။

ဒီနေ့ သူကျောင်းသွားကာ
အဖြေလွှာသွားယူရမည်။
အပြန်တော့ မေမေ့ကိုဆေးရုံမှာ ဝင်ကြိုရမည်ပေါ့

ရေချိုးပြင်ဆင်ပြီးနောက် မျက်မှန်တပ်ရန် မျက်မှန်ဘူးအဖွင့်

ကလောက်..

အောက်ကကြွေပြားနဲ့ထိပြီး
အနက်ရောင်ကိုင်းတပ်မျက်မှန်မှာ
အက်ရာများထင်သွား၏

''ဟင်...ငါ့နှယ်..တော်သေးတာပေါ့ အပိုလုပ်ထားလို့''

ဦးဝေယံရှိန်းအောင်ဟာ
မျက်မှန်အပို ၃ခု ရှိသည်မို့
တချက်သာ ညည်းတွားလိုက်ပြီး
အကြည်ရောင်ကိုင်းနဲ့
မျက်မှန်တစ်လက်ကို
ယူတပ်လိုက်လေတော့သည်။

__________________>>>___________________

ကျောင်းမှအဖြေလွှာများထုတ်ပြီး
သူ့dutyကျရာဆေးရုံဆီသို့သွားလိုက်သည်

''မင်္ဂလာပါ အကို''

လာနှုတ်ဆက်သူက နွယ်မှူးသဇင်...

''အော်..အင်း...ညီမအလည်လာတာလား''

မနက်တည်းကစိတ်မကြည်သော်လည်း
ဝတ္တရားအရ ပြန်နှုတ်ဆက်လိုက်ရသည်။

''အကိုကလည်း...ဆေးရုံကို
အလည်လာစရာလားလို့..မမဆီခဏဝင်လာတာ''

''အော်..မနွယ်ရှင်းသန့်မိုးတို့ သူနာပြုခန်းက
အောက်ထပ်မှာပါ''

''သိတယ်လေ အကို့ကိုတွေ့ချင်လို့''

ဒီနှစ်ပိုင်းအတွင်း ပေါ်ပေါ်တင်တင်ကြီးပါ
လာflirtနေပေမယ့် မကင်းရာမကင်းကြောင်း
ဖြစ်သည့်အပြင်
လူကိုယ်တိုင်ကလည်း
လူမှုရေးကောင်းသူမို့..သည်းခံနေခြင်း

''ဘာကိစ္စရှိလို့လဲ..''

''အကိုအားရင်..
တနေရာရာသွားကြရအောင်လေ''

''ကိုယ်မအားဘူး...ကိုယ့်ကလေးက
ဆေးရုံတင်ထားရတာ သွားကြည့်ရဦးမှာ..
အဲ့ကိစ္စမရှိရင်တောင် ကိုယ့်မှာ မင်းနဲ့အတူသွားဖို့
မအားဘူး...sorryပါ''

My beloved TeacherWhere stories live. Discover now