Part{18}

430 12 0
                                    

မှူးပြည့် ထိုဆရာမအသစ်ကို သိပ်ကြည့်မရပါ။
ဘာကြောင့်ရယ်မသိ....
မိမိနဲ့လည်းဘာမှမဆိုင်ပေမဲ့
ဆရာ့နားကပ်နေသည်ကိုမကြိုက်ပါ။

ခုလည်း ရုံးခန်းတွင်မဟုတ်ဘဲ
ကော်ရစ်တာတွင်
ပြုံးပြုံးရွင်ရွင်နဲ့စကားပြောနေသည်ကို
မျက်စိမှေး၍ ကြည့်နေမိသည်။

''ဟဲ့ ဟဲ့ ဘယ်သွားမလို့လဲ''

နောက်မှမေလင်းချို၏အော်သံလည်းဂရုမစိုက်မိ

-ဘုတ်-

''အ့''

''Sorry ပါ ဆရာမ လမ်းပိတ်နေတာ
မမြင်လိုက်လို့''

''ဟဲ့ နင်ဘယ်လိုဖြစ်''

''မသိပါဘူးဟယ်.......
လေထုကြီး ပြည့်ညပ်နေလို့
တိုက်မိသွားတာ Sorryနော် ဆရာမ
တမင်လုပ်တာမဟုတ်ဘူးနော်သိလား''

'တကယ်ရည်ရွယ်လုပ်တာ'ဟုစိတ်ထဲမှာတော့

''သမီး... ဘာပဲဖြစ်ဖြစ် လမ်းဖယ်ပေးပါလို့
အရင်ပြောသင့်တယ်လေ''

''ကြားမယ်မထင်လို့ပါ ရိုင်းသလိုဖြစ်သွားရင်တောင်းပန်ပါတယ် သွားခွင့်ပြုပါဦး''

ခုချိန်မှာသြဇာသီးမစားချင်သဖြင့်
လူလိမ္မာ မိုက်သည့်နည်းဖြင့်ထွက်လာခဲ့သည်။

''ကလေးက အလိုလိုက်ခံထားရတော့
နည်းနည်းဆိုးတယ် ညီမရယ်''

''ရပါတယ်အကိုရယ် သည်းခံပေးရမှာပေါ့
ကြာတော့လည်း အဆင်ပြေသွားမှာပါ''

''ဒီကိစ္စတွေက ကျောင်းမှာပြောလို့
အဆင်မပြေဘူး
နောက်မှ ညီမအားတဲ့တရက်
အေးအေးဆေးဆေးပြောကြတာပေါ့''

''ဟုတ်ကဲ့ပါ အကို''

__________________>>>>____________________

'' မနှစ်ကသင်ရတယ်လေ...''

''.........''

''ကဲ တစ်ယောက်ချင်းစီပဲ
မေးကြည့်ရအောင်....
မှူးပြည့် ဘာကွာလဲ''

''Carbon ပါတာနဲ့မပါတာ''

''အင်း...ပြီးတော့ရော''

ဆရာကမှူးပြည့်ကိုတည့်တည့်စိုက်ကြည့်၍
မရမှန်းသိသွားပုံရကာ

''အင်း ဟုတ်ပြီ..ထိုင်၊အိမ့်သော်တာ
နောက်တချက်ကျန်သေးတယ် အဲ့ဒါ ပြော''

My beloved TeacherWhere stories live. Discover now