Part{23}

627 11 3
                                    

''သတိရလာပြီလား''

''ဆရာ''

''မင်းမေ့လဲနေတာလေ၊
သိပ်မလှုပ်ရှားပဲ နားလိုက်ဦး''

မှူးပြည့်လည်း ခေါင်းတချက်သာငြိမ့်ပြကာ
ဆေးရုံ ကုတင်ပေါ်မှ ခေါင်းအုံးကိုမှီကာအသာမှိန်းနေလိုက်သည်။

.......

"သက်သာရဲ့လား သမီး"

"ဟုတ်ကဲ့ တီချယ်"

မနက်နိုးနိုးချင်း ဧည့်ခန်းတွင် ထိုင်နေသည့်သူကိုမြင်လိုက်ရခြင်းကြောင့် မှူးပြည့်
တမနက်ခင်းလုံးကံဆိုးတော့မည်
ဟုပင် ထင်မှတ်လေတော့သည်။

"တီချယ်က အလည်လာတာလား"

"ဟုတ်တယ် အန်တီ့ကိုလာကူတာလေ"

"အော်...ဆရာနဲ့သိတာကြာပြီလား"

"အင်း.... ၁၃နှစ်လောက်ရှိပြီ''

မှူးပြည့် မျက်ခုံးပင့်မိကာ...

"အယ်...ဟုတ်လား မှူးပြည့်တောင်အဲ့တုန်းက၄၊၅နှစ်လောက်ပဲရှိဦးမယ်"

တီချယ်က ပြုံးကာ ဟုတ်တယ် ဆိုသည့်သဘော
ခေါင်းတဆတ်ဆတ်ငြိမ့်သည်

မှူးပြည့်စိတ်ထဲ အစက ဆရာမကိုသိပ်ကြည့်မရပေမဲ့ နေမကောင်းဖြစ်ပြီးနောက်ပိုင်း
မှူးပြည့်နဲ့ရင်းနှီးလာသည့်အတွက် အရမ်းတော့
ကြည့်မရတာမျိုးမဖြစ်တော့ပါ....
သို့ပေမဲ့ သဝန်တော့တိုမိပါသည်

____________________>>>>_________________

ဘာလို့များစောစောမမွေးခဲ့မိသလဲ

''မှူးရွှေစင်ပြည့်!"

"စောစောမမွေး"

ယောင်ပြီးအသံထွက်မိမှ ဘေးကိုကြည့်တော့
မျက်လုံးမှေးကာစိုက်ကြည့်နေသည့်ဆရာနဲ့
ကြောင်တောင်တောင်ကြည့်နေသည့် ဆရာမ

''ဘာတွေတွေးနေတာလဲ၊ခေါ်နေတာကို"

"ဘာမှမဟုတ်ပါဘူး ဟီး ဟီး"

မျက်နှာချိုသွေးပြီးရီပြလိုက်သည်

"အဲ့ဒါသာကြည့်တော့ စာသာတော်တာ
၆နှစ်သားကလေးကြလို့"

ဆရာက တီချယ့်ကိုပြောသည်

"ချစ်စရာလေးကောင်းကောင်းကြီးပြင်းခဲ့တာပဲ''

My beloved TeacherWhere stories live. Discover now