Part 6

5.3K 644 52
                                    

Unicode

"မင်းမပါပဲ ငါကျောင်းကိုသွားမှာမဟုတ်ဘူး Kim Taehyung"

ကျွန်တော် စိတ်ရှုပ်စွာ လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ မနက်စောစောစီးစီး သူဟာ ကျောင်းဝတ်စုံအပြည့်ဖြင့် ကျွန်တော့်အိမ်ရှေ့ရောက်နေပြန်ပြီ။

"ဘာလာဖြစ်နေတာလဲ .. မင်းဟာမင်း သွား"

ကျွန်တော့်ရဲ့အပြောကို သူက ဘာမှမဖြစ်သလို ကျွန်တော့်ခြံရှေ့က မြေကြီးပေါ်မှာ ရုတ်ချည်းထိုင်ချလိုက်ရင်း လက်တွေပိုက်ကာ ..

"ငါပြောပြီးပြီ .. မင်းမပါရင် မသွားဘူး"

"ကြိုက်တာလုပ် .. မင်းသဘောပဲ"

ကျွန်တော် သူ့ကို ပစ်ထားခဲ့ပြီး အိမ်ထဲပြန်ဝင်ခဲ့လိုက်သည်။ သူကတော့ ခြံရှေ့မှာ တင်ပျဉ်ခွေထိုင်ကာ ကျန်နေဆဲ။

တကယ်တော့ သူ ကျွန်တော့်ပုံကို ကျောင်းနံရံမှာ ဆွဲတဲ့နေ့ကစပြီး ကျွန်တော် ကျောင်းမသွားတာ (၃) ရက်ရှိပြီ။

မေမေ့ကို နေမကောင်းအကြောင်းပြပြီး ကျောင်းကို ခွင့်တိုင်ပေးခိုင်းထားရသည်။

အရှက်သည်းတာရယ်မဟုတ်ပဲ လူအများဝိုင်းရယ်ခံလိုက်ရတဲ့အခြေအနေမျိုးမို့ မျက်နှာမဖော်ရဲဖြစ်နေကာ ကျောင်းမသွားချင်။

ပြီးခဲ့တဲ့ ကျောင်းပျက်ရက် (၃) ရက်လုံး ပြန်တွေးလိုက် ရှက်လ်ိုက် ဒေါသထွက်လိုက် ဟိုကောင့်ကို ဆဲလ်ိုက်ဖြင့် လည်ပတ်နေသည်။

နောက်ပြီး ဒီကောင်ကလည်း မထင်ထားလောက်အောင် တော်တော်ခေါင်းမာသည်။

ကျွန်တော်ကို မျိုးစုံချော့ရုံမက ကျွန်တော်မပါလျှင် ကျောင်းမသွားဟုဆိုကာ သူလည်း ကျောင်းမတက်ပဲ ကျောင်းချိန်အတိုင်း ကျွန်တော့်အိမ်ရှေ့ ထိုသို့ လာထိုင်နေတာ။

"Taehyung .. ဟိုကောင်လေး ရောက်လာပြန်တာလား"

မေမေက အလုပ်သွားဖို့ အိမ်ကထွက်ရန်ပြင်ဆင်ရင်း ခြံရှေ့က သူ့ကို တွေ့သွားသည်။

"စိတ်ဆိုးနေကြတာလား .. တော်ရုံပဲ လုပ်လေ Taehyung ရယ် .. ဟိုကလေးက ဒီလောက် လာတောင်းပန်နေတာ .. သူငယ်ချင်းအချင်းချင်းကို"

EVIL ENJOYERWhere stories live. Discover now