Part 7

5.7K 624 70
                                    

Unicode

"Kim Taehyung .. ငါပြောတာ သိရဲ့လား .. မရရင် အနောက်လှည့်လိုက်ကွာ .. နော်"

"ကျစ် .. ဘာဖြစ်နေတာလဲကွာ .. ဘေးမှာ ပွစိပွစိနဲ့"

"မင်း မနေ့ကလို ဖြစ်မှာစိုးလို့ ပြောနေတာလေ .. ငါကတော့ မင်းကို ကြည့်နေလိုက်ရတာ .. မင်းကတော့ လုံးဝကို မလှည့်တာနော်"

"ငါ့ဟာငါတောင် ဉီးနှောက်စားနေတာကို မင်းကို လှည့်မကြည့်နိုင်ပါဘူး"

"အေး .. အဲ့ဒါကြောင့် ဉီးနှောက်မစားရအောင် ငါ့ကို လှည့်ကြည့် .. ငါပြောပြမယ် .. မဟုတ်ဘူး .. ငါ့အဖြေစာရွက်နဲ့ လဲပေးမယ်"

သူနဲ့ ကျွန်တော် ဒီလို စကားအချေတင်ပြောနေတာ စာမေးပွဲခန်းရှေ့မှာ။

ကျွန်တော်တို့ ပထမဆုံးလပတ်စာမေးပွဲ စ ဖြေရပြီ။ မနေ့က စ ဖြေရတာဖြစ်ပြီး စစချင်းနေ့မှာတည်းက ကျွန်တော် သိပ်မဖြေနိုင်။

မဖြေနိုင်ဘူးဆိုတာကလည်း ကျတာမျိုးထိတော့ မဟုတ်လောက်ပေမယ့် အမှတ်လျော့မှာစိုးတာ။

သူနှင့် ကျွန်တော်က စာမေးပွဲခန်းထဲ ရှေ့ဆင့်နောက်ဆင့် ..  သူက ကျွန်တော့်နောက်မှာ။

မနေ့က ကျွန်တော် မဖြေနိုင်တာကို မြင်ပြီး ဒီနေ့မှာ သူ့ကို လှည့်ကြည့်ဖို့ အတန်တန်မှာနေတာ။

သို့သော် ကျွန်တော် မလုပ်ချင်။ ကျွန်တော်က ဆရာဝန်ဖြစ်ချင်တဲ့လူလေ .. ခိုးချပြီး စာမေးပွဲအောင်သွားတာမျိုးကို ကျွန်တော့် တကိုယ်ရည်စာမာနက သိပ်လက်မခံချင်။

"သိလား မာနခဲ .. လှည့်သာကြည့်လိုက် .. ငါရှိတယ်ကွာ .. နော်"

သူကတော့ သူ့အတွက်တောင် စိတ်ပူရဲ့လား .. ကျွန်တော့်ကိုပဲ ဇွတ်စိတ်ပူပေးနေတာ။

"ဝင်တော့မယ်"

သူ့ကို ဘာမှမပြောတော့ပဲ စာမေးပွဲခန်းထဲ အရင်ဝင်ခဲ့လိုက်တော့ သူက အနောက်က ပါလာသည်။

ခုံမှာ ဝင်ထိုင်ပြီး အနောက်လှည့်ကြည့်လိုက်တော့ မေးခွန်းစာရွက် မရခင်ထိ သူ့မှာ သူ့ကို လှည့်ကြည့်လိုက်ဆိုတဲ့ လက်ဟန်ခြေဟန်ဖြင့်။

EVIL ENJOYERWhere stories live. Discover now