Part 17

4.4K 544 148
                                    

Unicode

"ဘာ .. ဒါဆို Jeon Jungkook နဲ့ မင်းက တွဲ .."

"ရား .. ဟေ့ကောင် တိုးတိုးပြောစမ်းပါ"

အကျယ်ကြီး အလန့်တကြား ထ အော်တဲ့ အီဂျယ့်ပါးစပ်ကို အမြန်ပိတ်ပြီး ကျွန်တော် ဆေးလိပ်ကို တစ်ဖွာရှိုက်လိုက်သည်။

"ဟေ့ကောင် .. တကယ်ကြီးပေါ့ ဒါဆို .. အဲ့ဒါကြောင့် သူ မင်းကို ယောင်္ကျား ယောင်္ကျားလို့ လိုက်ခေါ်နေတာလား"

"အင်း .. အဲ့ဒါက .. ဘယ်လိုပြောရမလဲ"

သူ့ရဲ့ယောင်္ကျား ယောင်္ကျားဆိုပြီး လိုက်အော်ခေါ်နေတဲ့လုပ်ရပ်ကြောင့် လူတွေက ဒီရက်ပိုင်းမှာ ကျွန်တော်တို့ကို ပိုအာရုံစိုက်လာသည်။

သို့ပေမယ့် သူက မျက်နှာပြောင်နေကြလူဆိုတော့ ဘယ်သူကမှ အတည်မထင်ပဲ တွဲနေတဲ့ဆက်ဆံရေးလို့ ဘယ်သူမှ မထင်တာ တော်သေးသည်။

ပြောပြထားဖူးတဲ့ အီဂျယ်ကတော့ ရိပ်မိသည်မို့ မနေနိုင် မထိုင်နိုင် လူကို အတင်းဆွဲခေါ်ကာ ဆေးလိပ်ပါအတင်းတိုက်ပြီး မေးလေသည်။

"ဒါပေမယ့် သူ့မှာ ဂိုယွန်းရှိတယ်လေကွာ"

အီဂျယ်က ပြောတော့ ကျွန်တော်လည်း မပြောဖြစ်။ ဒါပေမယ့် အမှန်ပြောရရင် ဂိုယွန်းရှေ့မှာလည်း သူ ကျွန်တော့်ကို အဲ့လိုခေါ်တာပဲ။

တစ်ခါတစ်လေ ဂိုယွန်းတောင် ရယ်သေးတယ်။ ထင်ထားတဲ့ ဆက်ဆံရေးမျိုးတော့ မဟုတ်ကြဘူး ထင်တယ်။

"အဲ့လိုဆိုပေမယ့် ဂိုယွန်းနဲ့ သူက တွဲနေတဲ့ဆက်ဆံရေးမဟုတ်ဘူးထင်တယ် .. ဒီရက်တွေထဲ ငါနဲ့ အတူ ထမင်းစားနေတာပဲ .. ဂိုယွန်းတောင် မပါဘူးလေ .. ဂိုယွန်းကလဲ အဲ့ကိစ္စနဲ့ ပတ်သက်လို့ မကျေလည်တာမရှိပုံဆိုတော့ ရည်းစားမဟုတ်ဘူးထင်တယ်"

ကျွန်တော် ပြောတော့ အီဂျယ်က လက်ခံသလို ခေါင်းညိတ်ပေမယ့် ချက်ချင်းပဲ ခေါင်းပြန်ခါကာ ..

"ကြားထဲမှာ ဒီကောင် ဘယ်လိုအကွက်ရွှေ့ထားလဲမှ မသိတာ"

အီဂျယ်ပြောမှ ကျွန်တော်တောင် စိတ်ထဲ မတင်မကျဖြစ်သွားသည်။ ဟုတ်တယ် .. အဲ့လိုလည်း ဖြစ်နိုင်တာပဲ။

EVIL ENJOYERWhere stories live. Discover now