Part 11

4.2K 542 62
                                    

Unicode

"ဟင် .. ဒီနေ့တော့ နှိုးစရာမလိုပဲ အစောကြီးနိုးလို့ပါလား .. ကျားသားမိုးကြိုး"

ကျောင်းတက်ရမယ့်အချိန်နဲ့ကပ်ပြီး နာရီဝက်အလိုလောက်မှ အမြဲထတတ်တဲ့ ကျွန်တော့်ကို မေမေက အံ့ဩတကြီး။

မေမေ အံ့ဩလဲအံ့ဩချင်စရာပါပဲ .. ကျွန်တော် ဒီနေ့ကစပြီး ကျောင်းကို စောသွားဖို့ ဆုံးဖြတ်ထားတာကြောင့် တမင် အစောကြီး Alarm ပေးထားတာ။

ဘာလို့ဆို ကျွန်တော့်ရင်ထဲမှာ ဘာမှန်းမသိတဲ့ တစ်ခုခုကို ကြောက်နေတဲ့အတွက်ကြောင့်။

အမြဲတမ်း ကျွန်တော် ဘယ်လောက်ပဲ နောက်ကျကျ ကျောင်းပေါက်ဝမှာ စောင့်နေတတ်တဲ့သူက ဂိုယွန်းရောက်လာပြီးတဲ့နောက်မှာ ကျွန်တော့်ကို စောင့်နေပါဦးမလားဆိုတဲ့အတွေးက ကျွန်တော့်ကို စိုးရိမ်စေတယ်။

သူ ကျောင်းမလာခင် ကျွန်တော်သာ စောရောက်သွားရင် သူ ကျွန်တော့်ကို ဂိုယွန်းကြောင့် မစောင့်တော့တာပါလားဆိုတာထက် သူ မရောက်သေးလို့ ကျောင်းအပေါက်ဝမှာ မတွေ့တာဆိုတဲ့အတွေးက ကျွန်တော့်စိတ်က်ို ပိုသက်သာစေမယ်ထင်တာမို့လို့ ..။

အဲ့ဒီလို မဖြစ်သေးတာတွေ၊ ဖြစ်လားမဖြစ်ဘူးလားဆိုတာတောင် မသိနိုင်တဲ့ အခြေနေမျိုးတွေကိုတောင် ကျွန်တော် ရင်မဆိုင််နိုင်ဘူး။

"ဟူး .. စိတ်ပျက်စရာပဲ"

တကယ်လည်း ဘာဖြစ်နေမှန်းမသိ ရင်ထဲတင်းကြပ်ကြပ်ခံစားချက်က အဲ့ဒီဂိုယွန်းရောက်လာပြီးမှ ဖြစ်နေတာ .. ခံရခက်လိုက်တာ။

ကျောင်းလာတဲ့လမ်းတလျှောက်လည်း မနေ့ညက သူ ပြောခဲ့တဲ့စကားရဲ့အဓိပ္ပာယ်ကို အပြန်ပြန်အလှန်လှန် တွေးနေမိတယ်။

သူ တကယ်ပြောနေတာလား .. စ နောက်ခဲ့တာလား .. ဘာအဓိပ္ပာယ်နဲ့ ပြောသလဲဆိုတာ ကျွန်တော် နားမလည်နိုင်ခဲ့ပါ။

နားမလည်ဘူးဆိုတာ စကားရဲ့အဓိပ္ပာယ်ထက် သူ့မှာ ဂိုယွန်းရှိနေပါလျက် ကျွန်တော့်ကို ဘာကြောင့် အဲ့သလိုပြောခဲ့ရသလဲ ..။

ဂိုယွန်းနဲ့ သူက ဘာမှမပတ်သက်ကြောင်း ပြောပြချင်တာလား .. ဒါမှမဟုတ် ဒီတိုင်း ဘာရည်ရွယ်ချက်မှမရှိပဲ စ နောက်လိုက်ရုံပဲလား။

EVIL ENJOYERWhere stories live. Discover now