Part 2

6.3K 715 108
                                    

Unicode

"လာပါကွာ .. အဝတ်တွေပြန်ဝယ်ပေးပါမယ်ဆို"

"ဝေးဝေးနေကွာ .. မင်းရုပ်ကိုတောင် မမြင်ချင်ဘူး"

သူ့ကြောင့် ကျွန်တော့်အဝတ်တွေ အမှိုက်တွေ ပေပွကုန်တာမို့ ဒေါသထွက်နေရတဲ့ထဲ ကျွန်တော့်ကျောပိုးအိတ်ကို အတင်းဆွဲကာ ဂိမ်းဆိုင်ကို ခေါ်နေတဲ့သူ။

"Kim Taehyung .. မင်းကလဲ .. လာပါ"

"ဟေ့ကောင် .. ငါ့ကို လွှတ်နော်"

အမှိုက်ပေပွနေတဲ့ကျောင်းဝတ်စုံနဲ့ ကျောင်းသားနှစ်ယောက် လမ်းလယ်ခေါင််မှာ ဆွဲလားရမ်းလားတွေဖြစ်နေတော့ လူတွေက ကြည့်သည်။

တချို့က ရိုးရိုးလေးပဲ ကြည့်သွားပေမယ့် တချို့ကျ ကျောင်းပြေးလာတဲ့ကျောင်းသားလူဆိုးလေးတွေလိုမျိုး ခပ်စိမ်းစိမ်းအကြည့်။

ကြည့်ပြီပေါ့ .. ကျွန်တော်တို့က အထက်တန်းကျောင်းသားတွေကိုး ..။

"လွှတ်ကွာ .. ဘဝင်ရူးကောင် .. ဆွဲထိုးမှာနော်"

"ဆေးဖိုးလျော်နိုင်ရင် ထိုးလေ .. ငါ့မျက်နှာက စျေးကြီးတယ်နော်"

"တောက် .. ဒီဘဝင်ရူး"

ရုန်းရင်းဆန်ခတ်ဖြစ်နေရင်းမှ ရန်ကလည်း ဖြစ်နေကြသေးသည်။ တကယ်ပါ ဒီဘဝင်ရူးနဲ့ မျက်နှာကြောကို မတည့်တာ။

"လိုက်ခဲ့စမ်းပါကွာ .. ငါနဲ့ လိုက်ခဲ့ခ ဝမ်းတစ်သောင်းပေးမယ် .. အဝတ်တွေလဲ ဝယ်ပေးမယ်ကွာ .. ဘယ်လိုလဲ"

"မလိုဘူး .. မင်းကို မလိုက်ဘူးလို့ပြောနေတယ်"

"ဘာတွေမာနကြီးနေတာလဲ မာနခဲရဲ့ .. ဒီပုံစံနဲ့ ပြန်သွားရင် မင်းကို လမ်းမှာ လူတွေဝိုင်းကြည့်မှာနော် .. ပြီးတော့ စုတ်ပြတ်နေတာပဲ .. ရွံစရာကြီးကွာ"

"ဘာ .. မင်းဘာစကားပြောတာလဲ .. ဒါက မင်းကြောင့်ဖြစ်တာမဟုတ်ဘူးလား .. မင်းကရော ရွံစရာမကောင်းနေလို့လား .. သောက်ဘဝင်ရူးကောင်ရဲ့"

"ငါက အကောင်းစားရေမွှေးစွတ်ထားတာလေ .. ဒီအမှိုက်နံ့လောက်ကတော့ အေးဆေးပဲ .. Brand နာမည်က မင်းတောင်ကြားဖူးမယ် မထင်ဘူး"

"ဘာ .. မင်းက ဘယ်လောက်ချမ်းသာနေတဲ့ကောင်မို့လို့လဲ"

"မင်းတွေးကြည့်လို့မရတဲ့ထိ ချမ်းသာတဲ့ကောင်"

EVIL ENJOYERWhere stories live. Discover now