Unicode
"ဘာ!"
"ကျ...ကျတော်တို့လဲ သေချာလုပ်တာပါဘဲ Boss... ကြားထဲကနေ အလစ်တိုက်ခံရတာပါ"
CEOဩဆက် ရုံးခန်းတွင်ဖစ်သည်။ စီးပွားရေးသမားဟု အမည်ခံတတ်ပြီး နောက်ကွယ်မှာတော့ လက်နက်မှောင်ခိုကုန်သွယ်ခြင်း။
အခုလဲ ဩဆက်ဘက်မှ အကြွေးနဲ့သိမ်းထားသော လက်နက်များအလစ်ခိုးယူခံရတာကြောင့် ခန့်စစ်နှင့်ဆွေးနွေးနေခြင်းဖြစ်သည်။
"ကျစ်! အဲ့တာဘယ်လောက်ထိကြေးများလဲဆိုတာ မင်းလဲသိတယ် ငါလဲသိတယ် ခန့်စစ်!! ဒါလေးကိုမှ ကောင်းကောင်းမလုပ်နိုင်ရင် ငါဘယ်လိုလုပ်တခြားဟာတွေ မင်းလက်ထဲအပ်ရမလဲ အဲ့တာတွေသာ ဈေးကွက်ထဲပြန်ပို့နိုင်ရင် ငါတို့အလုပ်မလုပ်ဘဲ ၃နှစ်လောက် အေးဆေးထိုင်စားလို့ရတယ်ကွ!"
ကျယ်လောင်စွာပြောလာတဲ့ bossအသံက ဒေါသထွက်မှုအပြည့်ပါတာကြောင့် ခန့်စစ် bossရှေ့မှာ ဒူးထောက်လိုက်ပြီး
"ကျတော် ပြန်ရအောင်လုပ်မှာပါ အလစ်၀င်ခိုးတဲ့လူက ဘယ်သူလဲဆိုတာ ကျတော်သေချာပေါက်သိပါတယ် Boss"
ဩဆက်က သူရဲ့ထိုင်ခုံပေါ်တွင် ထိုင်ကာ ခေါင်းမော့၍ ဆေးလိပ်ကိုရူရှိုက်ပြီးလျှင်...
"ဘယ်သူလဲ"
"WO group ရဲ့ CEO ဦးထက်နိုင်နိုင်မင်း ပါ"
"ထက်နိုင်နိုင်မင်း...? အဟက်! မင်းဖစ်မယ်လို့ ထင်သားဘဲ"
နယူးယော့ခ်မှာ ဩဆက်နဲ့ ထက်နိုင်နိုင်မင်း ဆိုသည့်လူနှင့် တက္ကသိုလ်တူတူတတ်ခဲ့ကြခြင်းဖြစ်သည်။ စီးပွားရေးသမားများသာ တတ်ရောက်နိုင်သော တက္ကသိုလ်ဖစ်တာကြောင့် ထက်နိုင်နိုင်မင်းက ဩဆက်ကို လိုက်ပြိုင်ဆိုင်နေခြင်း။
ဘယ်လိုမှ မနိုင်တဲ့ကောင်က အခုထိဇောင်းကြွနေတုံးဘဲလား! သေမင်းဆီ ခြေစုံပစ်၀င်လာတဲ့ကောင်ဘဲ!
............................
...........................တီ!တီ!
ကားသံလေးကြားရတာကြောင့် စံအိမ်ပေါ်ထပ်တွင် စန္ဒာယားတီးနေတဲ့ရတုက အောက်ထပ်ကိုပြေးဆင်းလာ၏။ ဒါက မောင်ပြန်လာပြီမလား...?
