Unicodeခန္ဓာကိုယ်ပေါ်မှအလေးချိန်တစ်ခုကြောင့် ဩဆက်နိုးလာသည်။ မိမိအပေါ်မှာ အရာကိုကြည့်တော့ဇာဇာလေးကဗိုက်ပေါ်တွင်အိပ်စက်နေခြင်း။ ဇာဇာလေးကိုဘေးနားချပြီး အပြင်ထွက်ကြည့်တော့ အ၀တ်လှန်းနေတဲ့ ရတုကိုမြင်လျှင် ပြေးဖက်ဖို့အလုပ် ရတုဘေးတွင်ရှိသူက...
"ထက်နိုင်နိုင်မင်း!"
ချစ်ရသူလေးရဲ့ခေါင်းလေးကို ထိုကောင်ကလက်ဖြင့်ပွတ်ထိလိုက်တာမို့ ဒေါသမထိန်းနိုင်စွာ ချစ်ရသူလေးကိုရင်ခွင်ထဲထဲ့ပြီး ထိုကောင်အားစောင့်တွန်းလိုက်၏။
"အင့်! ဧကဩဆက်!"
"စောက်ပါးစပ်ပိတ်ပြီး ကျုပ်ရင်ခွင်ထဲမှာငြိမ်ငြိမ်နေ"
ထို့နောက် ထက်နိုင်နိုင်မင်းကိုကြည့်ကာ...
"ဘာစောက်ကြောင်းနဲ့ဒီရောက်လာတာလဲ"
"လေးနှစ်လုံး ကျွန်တော်က အကို့ကို စောင့်ရှောက်လာခဲ့တာပါ အဟက်"
"အဲ့တွက်ကျေးဇူးတင်တယ် ငါ့ယောက်ျားနဲ့နောက်ခါ လာမပတ်သက်နဲ့"
ငါ့ယောက်ျားဆိုတဲ့စကားကြောင့် ဩဆက်ရင်ခွင်ထဲမှ ရတုမျက်နှာလေး ရှက်သွေးဖြာကာ ဩဆက်ကိုမော့ကြည့်လာ၏။
"ဧကဩဆက်ဖယ်စမ်း"
"မဖယ်ဘူး ငြိမ်ငြိမ်နေလို့ပြောနေတယ်! "
"ဘရားသား ကျွန်တော်နဲ့စကားခနပြောရအောင်"
ထက်နိုင်နိုင်မင်းက ရတုကို ခနဘေးဖယ်ဖို့ ဩဆက်ကိုပြောလိုက်တာကြောင့် ဩဆက် သဘောပေါက်စွာ ရင်ခွင်ထဲက သူ့ရဲ့ယောက်ျားလေးကိုကြည့်ပြီး
"သားလေးနိုးနေပြီ"
"ငါ..."
"မောင်ခနနေ အိမ်ထဲ၀င်ခဲ့မယ်"
ရတုလဲနားလည်တာမို့ ထက်နိုင်နိုင်မင်းကိုတစ်ချက်ပြုံးပြပြီး ထိုနေရာမှထွက်သွားသည်။ ထို့နောက်ဩဆက်က ဘာပြောမို့လဲ သဘောဖြင့်မေးငေါ့ပြ၏။
"အကိုရွေးချယ်တဲ့ လူကဘဲ အကိုနဲ့နေရမှာ"
"ငါဂရုမစိုက်ဘူး"
"ဘရားသား ဂရုမစိုက်ခဲ့လို့ဒီလိုတွေဖြစ်ခဲ့တာပါ! အဲ့နေက ကျွန်တော်သာအကို့နားမှာမရှိရင် အကိုသေနေပြီ!"
