👑5👑

1.8K 169 47
                                    

Unicode

"ဘာ...ဘာလုပ်နေကျတာလဲ..."

ထယ်ယောင်း စစ်သူကြီးမင်းအဆောင်ထဲဝင်ပြီး တံခါးခေါက်နေသောလဲဖွင့်မလာသောကြောင့် ကိုယ့်ဘာသာတံခါးဖွင့်လိုက်တော့ တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် စကားတွေပါထစ်ကုန်ရသည်။

ဂျီမင်းက စစ်သူကြီးမင် အောက်ရောက်နေကာ စစ်သူကြီးမင်က ဂျီမင်းအပေါ်တွင်ဖြစ်နေသောကြောင့်ဖြစ်သည်။

" ဘာမှမလုပ်ပါဘူး ကြင်ယာတော်ကင်မ်..."

"ဒါဆိုသွားတော့မယ် ဂျီမင်းလာခဲ့..."

ထယ်ယောင်းခေါ်တော့ ဂျီမင်းဟန်ပင်မဆောင်နိုင် ဝတ်စုံကြီးမကာ ထယ်ယောင်းစီပြေးလာတော့သည်။

"သွားရအောင်...ဒါဆိုပြန်လိုက်ပါဉီးမယ် စစ်သူကြီးမင်..."

"ကျွန်တော်လိုက်ပို့ပေးရဉီးမလား ကြင်ယာတော်ကင်မ်..."

"ရတယ်...ရတယ် ဝေါယာဉ်နဲ့ပဲ ပြန်လိုက်မယ်..."

နှစ်ယောက်သား စစ်သူကြီးမင် အဆောင်ကနေ ခပ်သွက်သွက်ထွက်လာကြသည်။

ဝေါယာဉ်ထဲရောက်တော့...။

"တော်သေးတယ် မင်းရောက်လာလို့ ငါကအသတ်ခံရတော့မယ်ထင်နေတာ...အီးဟီး..."

"ဘာလို့လဲ..."

"ငါကကွာ ခင်ဗျားလို ဂျပုကိုဘယ်သူက စစ်သူကြီးလုပ်ခိုင်းလဲမသိဘူး အံ့သြတယ်လို့ပဲပြောတာကို ရုတ်တရက်ငါကိုတွန်းပြီး ခုံအုပ်တာလေ လန့်သေတော့မယ်..."

"အော် သနားမလို့ရှိသေး အာသွားချောင်တာကို နည်းတောင်နည်းသေး မင်းကိုအရပ်ပုတယ်ပြောရင်တောင်မကြိုက်ဘူးလား တူတူချင်းကိုသွားပြောနေတယ် သက်တန်းစေ့နေချင်ရင် အနေအထိုင်အပြောအဆို ဆင်ခြင်စမ်းပါ ဂျီမင်းရဲ့..."

"အင်းပါ ရန်တွေမယ် ဆိုတာကြီးပဲ မင်းက...မင်းရော ဟိုဘုရင်နဲ့အခြေအနေ...ဘယ်လိုလဲ..."

" မပြောစမ်းပါနဲ့ မီဂျင်းသူ့အချစ်ဉီးလေ သူလာရင် ငါ့ကိုအနောက်ဆောင်မှာနေရမယ်တဲ့လေ..."

" ဘာ...မင်းနရင်းမအုပ်လာခဲ့ဘူးလား..."

"အော်...ဟိုကဘုရင်လေ နရင်းအုပ်ရင် ငါ့ကိုသတ်မှာပေါ့ကွ..."

👑Arrogant King Jeon👑(Completed )Where stories live. Discover now