👑10👑

1.3K 138 27
                                    

Unicode

မနက်နိုးတော့ သာမန်လိုမဟုတ်ပဲ ဂျောင်ဂုအပေါ်တွင် တစ်ခုခုဖိထားသလို လေးလံနေသောကြောင့် ဂျောင်ဂုမျက်လုံးများဖွင့်ကာ ရင်ဘတ်ပေါ်ကာလေးလံနေသော တစ်စုံတစ်ခုကိုကြည့်လိုက်တော့...။

ကင်မ်ထယ်ယောင်းဖြစ်နေသည်။

ကင်မ်ထယ်ယောင်းက တစ်ကိုယ်လုံး သူ့ပေါ်မှာဖြစ်သည်။

ဂျောင်ဂုရင်ဘတ်ပေါ်တွင်ခေါင်းတင်ကာ ထပ်လျှက်သားအိပ်နေသည်။

"ကင်မ်ထယ်ယောင်း..."

နိုးတာတောင်မထသောကြောင့် ဂျောင်ဂုရုတ်တရက်ထလိုက်တော့မှ ကင်မ်ထယ်ယောင်းကနိုးလာသည်။

"အာ အိပ်နေပါတယ်ဆို ဘယ်သူကတွန်းတာလဲ..."

မျက်လုံးကမပွင့်သေးဘူး အသဲအသန်အော်နေသော ကင်မ်ထယ်ယောင်းအား ကြည့်နေမိသည်။

ထယ်ယောင်းတစ်ယောက် သူအော်နေသော်လည်း ဘာအသံမှဆင်ထွက်လာခြင်းမရှိသောကြောင့် ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်မှ သူအားစိုက်ကြည့်နေသော ဂျွန်ဂျောင်ဂုကြောင့် ရင်ထဲဒိတ်ခနဲဖြစ်သွားရသည်။

" ဂျွန်...ဂျွန် ကျွန်တော်အမှားတစ်ခုခုလုပ်မိသေးလားဟင်..."

"အမှားလား..."

" ဟုတ်..."

"အမှားမလုပ်ပါဘူး ငါပေါ်မင်းတစ်ကိုယ်လုံးတက်အိပ်နေရုံလေးပါပဲ..."

မျက်နှာကြီးတည်တင်းကာပြောနေသော ဂျောင်ဂုကြောင့် ထယ်ယောင်း ခေါင်းမွှေးတွေပါထောင်ချင်လာသည်။

"တောင်း....တောင်းပန်ပါတယ် ဂျွန် ကျွန်တော်ကနဂိုထဲက အိပ်ဆော့လို့ပါ တမင်လုပ်တာမဟုတ်ရပါဘူး ခွင့်လွှတ်ပေးပါနော်..."

"ရိုးရိုးခွင့်လွှတ်ရင် ပျင်းစရာကောင်းသွားမယ်လေ..."

"ဗျာ...ဘာ...ဘာကိုပြောချင်တာလဲဟင်..."

"ငါခိုင်းတာလုပ်ပေးရမယ်...."

"ဟုတ်ကဲ့ ကျွန်တော်ဘာလုပ်ပေးရမလဲ ဂျွန်..."

"အခု အကြွေးမှတ်ထားမယ် နောက်မှလုပ်ပေး...ဒါနဲ့ မင်းပြန်တော့ မီဂျင်းလာတော့မှာမို့..."

👑Arrogant King Jeon👑(Completed )Where stories live. Discover now