👑8👑

1.3K 130 34
                                    

Unicode

" ထယ်ယောင်း...ထယ်ယောင်း မင်းကို မင်းကြီးရဲ့မယ်မယ်က တွေ့ချင်လို့တဲ့...အရင်မင်းကြီးဟောင်းရောပဲ..."

" ဘယ်ကကြားလာပြန်တာတုန်း ဂျီမင်းရဲ့..."

"ငါ့အမေပြောတာ ကြားတာ လက်ထပ်မဲ့ရက်ကိုစောမယ်တဲ့..."

"ဘာ...နေပါအုံး လက်ထပ်မဲ့ရက်စောရင် သမိုင်းပြောင်းသွားမှာလား..."

"ငါလဲအဲ့ဒါစဉ်းစားနေတာ ထယ်ယောင်းရဲ့..."

"ဂျီမင်း ငါတို့သမိုင်းပြောင်းလို့ရတယ်လို့ ထင်တယ်..."

"ဘယ်လိုမျိုးလဲ... "

"ဒီလိုလေ ငါမယ်တော်ကြီးကို နည်းနည်းဖားလိုက်တာနဲ့ ငါ့ဘက်ပါလာတယ်လေ...ပြောချင်တာက ငါတို့သာသေချာနေတက်ရင် အနေချောင်မယ်လို့လေ...ငါကအနောက်ဆောင်မှာနေရလဲ ကိစ္စမရှိဘူး အဓိကကလေ ငါတို့အသက်ရှင်ဖို့ပဲ..."

"အဲ့ဒါက အဲ့ဒါပေမဲ့ အခြေအနေက မင်းထင်သလောက်မလွယ်လောက်ဘူး ထယ်ယောင်းရဲ့ မီဂျင်းကဘာတွေမွှေအုံးမလဲ မသိနိုင်တာမို့ သတိထားမှရမှာ...သူမကကောက်ကျစ်တယ်လေ..."

"ဒါပေမဲ့ ငါတို့လဲ ပေါ့ပျက်ပျက်မနေရအောင်..."

"ဂျီမင်းနား... မင်းပဲအရင် ဟိုလူ့ဂွစာကိုသွားသွားစွနေတာကို အရင်ပြင်စမ်းပါ...မင်းတို့နှစ်ယောက်ယူပြီးရင် တစ်ခန်းထဲအိပ်ရရင်ဘယ်လိုတောင် နေမလဲနော်..."

" တစ်ယောက်တစ်ခန်း အိပ်မှာပေါ့ ရူးနေလို့လားငါက တစ်ခန်းထဲအိပ်ရအောင်..."

"မင်းတည်းနေတာ ဟိုတယ်မဟုတ်ဘူး အသိစိတ်လေးလာလေးကပ်...ငါတော့ ဝတ်စုံချုပ်ပေးထားတာသွားဝတ်ကြည့်ရဉီးမယ်...လိုက်မလား..."

"တစ်ခါတစ်လေတော့ ငါပျော်အောင် ေပြာပေးလေကွာ...မလိုက်တော့ပါဘူး... "

" အမှန်ပြောတာလေ မင်းတည်းနေတာဟိုတယ်မဟုတ်ဘူး မင်းကိုသတ်မဲ့သူရှိနေတဲ့နေရာ..."

ထိုသို့ပြောပြီး ထယ်ယောင်း ဂျီမင်းကိုပြောင်ပြကာ အရှေ့မကြည့်ပဲပြေးတော့ အရှေ့ကလူတစ်ယောက်နဲ့ တိုက်မိကာ ထိုလူပြုတ်ကျသွားသောကြောင့် ထယ်ယောင်းလန့်သွားရသည်။

👑Arrogant King Jeon👑(Completed )Where stories live. Discover now