👑14👑

1.8K 162 36
                                    

Unicode

မနေ့ညက ဂျွန်ဂျောင်ဂုရဲ့ အကျင့်မကောင်းမူ့ကြောင့် ထယ်ယောင်း ကိုယ်လက်တွေကိုက်နေကာ ဖျားချင်သလိုဖြစ်နေရသည်။

ထယ်ယောင်းအား ဂျောင်ဂုပေးထားတဲ့အခန်းဘက်သွားရန်လုပ်ရတော့သည်။

ဒီဘုရင်မနိုးခင်ထရမှာ ဖစ်သောကြောင့် အမြန်ထကာ ကိုယ်အခန်းဘက် ကိုယ်ကူးရန် သွားနေတုန်း လမ်းတဝက်တွင် ထယ်ယောင်းအရှေ့ပိတ်ရပ်လိုက်တဲ့ Alexကြောင့် ထယ်ယောင်းသွားနေရင်းမှ ရပ်သွားသည်။

"နေမကောင်းဘူးလား ကိုယ်တွဲပို့ပေးရမလား..."

"ရပါတယ် Alex...ကျွန်တော်အဆင်ပြေပါတယ်..."

" ဒါပေမဲ့ မင်းကိုကြည့်ရတာ ဖြူဖျော့နေတယ်..."

အောက်ပိုင်းတလျှောက်က နာလွန်း၍ အမြန်သွားနေပါတယ်ဆိုကာမှ အရှေ့က သောက်ရစ်ရှည်နေသော Alexအား တွန်းဖယ်ကာ ထယ်ယောင်းအရှေ့ကသွားလိုက်ပေမဲ့ လမ်းတစ်ဝက်အရောက်တွင် လဲကျသွားသည်။

Alexက ထယ်ယောင်းလဲကျတဲ့နားအပြေးသွားကာ...။

"ထယ်ယောင်း...ထယ်ယောင်း..."

ထယ်ယောင်းက သတိမေ့နေပြီဖြစ်သည်။

Alexက ထယ်ယောင်းကို ေပွ့ချီရန် ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ မင်းကြီးကိုတွေ့လိုက်ရသောကြောင့် ကိုယ်ရှိန်သတ်လိုက်သည်။

မင်းကြီးက Alexအရှေ့ရောက်လာကာ ကင်မ်ထယ်ယောင်းအား ဒူးအောက်ကနေပွေ့ချီကာ Alexအားမဲ့ပြုံးပြုံးပြသွားသည်။

ထယ်ယောင်းရဲ့ သက်ဆိုင်သူဖြစ်နေရတော့ မင်းကြီးက ဒီလိုပြုံးနေနိုင်တာပေါ့...။

ထယ်ယောင်း ဝမ်းနည်းတဲ့နေ့ မင်းကြီးစီက ထယ်ယောင်းကို ကျွန်တော်လုယူမိလိမ့်မယ်။

ထယ်ယောင်းအား ပွေ့ချီကာထွက်သွားတဲ့ မင်းကြီးရဲ့ နောက်ကျောကိုကြည့်ကာ Alexပြောနေခြင်းဖြစ်သည်။

ဂျောင်ဂုတစ်ယောက် နိုးနိုးချင်း ဘေးမှာမရှိတော့တဲ့ ကင်မ်ထယ်ယောင်းကြောင့် ဝတ်စုံ​တေင်မလဲနိုင်ပဲ ထွက်ရှာရင်းမှ Alexနဲ့စကားပြောမေရင်းမှ Alexကိုတွန်းဖယ်ကာ သွားနေရင်းမှ လဲကျသွားတဲ့ ကင်မ်ထယ်ယောင်းကြောင့် ပြေးပြီးသွားခူဖို့လုပ်လိုက်ပေမဲ့ ကိုယ်ကဘုရင်တစ်ပါးဖြစ်တာကြောင့် သိခါကျတာမျိုးမဖြစ်အောင် ဖြေးဖြေးချင်းလျှောက်လာပေမဲ့ Alexက ထယ်ယောင်းနားရောက်သွားတာကြောင့် ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ဘယ်သူ့မှမရှိတာကြောင့် အမြန်ပြေးသွားရသည်။
.

👑Arrogant King Jeon👑(Completed )Where stories live. Discover now