👑15👑

1.3K 130 50
                                    

Unicode

ဂျောင်ဂုတို့ ဂျိုဆွန်းရဲ့ ရွာဘက်တွင် ပြည်သူတွေငတ်ပြတ်နေကြောင့် အစီအရင်ခံလာသောကြောင့် ရွာဘက်ကိုသွားရမှာဖြစ်သောကြောင့် အစားအသောက်နှင့်လက်နက်ကအစပြင်ဆင်နေသည်။

ဂျောင်ဂုပါသွားရမှာ ဖြစ်သောကြောင့် ထယ်ယောင်းလိုက်ချင်ပေမဲ့ လိုက်ဖို့မပြောရဲသောကြောင့် ဂျောင်ဂုအတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုသာထည့်ပေးနေသည်။

"ထယ်ယောင်း...အကုန်ထည့်ပြီးပြီလား..."

" ဟုတ် ကျွန်တော်အကုန်ထည့်ပေးပြီးပါပြီ..."

"ငါရွာဘက်သွားနေတဲ့အတောအတွင်း အေးဆေးနေခဲ့ ဘာမှမကြားချင်ဘူး နားလည်လား..."

"နားလည်ပါတယ် ဂျွန်..."

"နားလည်ရင်ရပြီ ငါသွားတော့မယ် ဘာပေးစရာရှိလဲ..."

"ဘာမှမရှိမှ ပေးစရာက..."

"အင်း သွားပြီ..."

သွားပြီပြောပီး နောက်လှည့်ကြည့်လှည့်ကြည့်နေသော ဒီဘုရင်က ဘာဖြစ်ချင်လဲဆိုတာ ထယ်ယောင်းမသိပါ...။

ဂျောင်ဂုသည် သူယူထားတဲ့ထယ်ယောင်းက အလိုက်မသိချက်က ယောကျာ်းဖြစ်သူ သွားတော့မှာပါ နမ်းပြီးနှုတ်ဆက်တာဘာညာကိုမရှိဘူး...။

ဂျောင်ဂုတွေးနေတုန်းရှိသေး...။

" ဂျွန်...ခနလေး..."

ဂျောင်ဂုအနောက်လှည့်ကြည့်လိုက်တော့ ကင်မ်ထယ်ယောင်းက ​ခြေဖျားထောက်ကာ ဂျောင်ဂုပါးအားလှမ်းနမ်းလိုက်သည်။

မထင်မှတ်ထားတဲ့ အနမ်းကြောင့် ဂျောင်ဂုကထယ်ယောင်းကို စိုက်ကြည့်နေတော့...။

"နှုတ်ဆက်အနမ်းပါ ဂျွန် ခရီး မှာဘာအခက်အခဲမှ မရှိပါစေနဲ့နော်..."

ထယ်ယောင်းသူလုပ်ပြီး သူရှက်ကာ ပါးလေးနှစ်ဖက်နီရဲနေသည်။

"ပါးလောက်နဲ့မရဘူး..."

မျက်နှာချင်းဆိုင်က ထယ်ယောင်းခါးအားဖက်ကာ ထယ်ယောင်းနှုတ်ခမ်းအား လာနမ်းတဲ့ဂျွန်...အချိန်တစ်ခုထိနမ်းပြီး​နောက်လွှတ်ပေးပီး...။

" ကိုယ့်ကိုစောင့်နေ...ကိုယ်ပြန်လာတဲ့နေ့ကျ ဒီနေရာမှာပဲ..."

"စောင့်နေပါ့မယ်..."

👑Arrogant King Jeon👑(Completed )Where stories live. Discover now